11

2.7K 428 12
                                    

"သမီးက ကြီးလာရင်ဘာဖြစ်ချင်သလဲ"

မေမေရဲ့ နူးနူးညံ့ညံ့မေးသံမှာ အသက် ၁၁နှစ်အရွယ် Seulgi က သူမရဲ့ ပါးဖောင်းဖောင်းကြီးတွေကို လက်ညှိုးနဲ့ထောက်ပြီး စဉ်းစားဟန်ပြုနေသည်။ ခဏကြာတော့မှ

"စားသောက်ဆိုင်တစ်ခုလောက်ပိုင်ချင်တာမေမေ"

"စားဖိုမှူးကြီးလုပ်ချင်တာလား မေမေ့ရဲ့ လူသားပုစိကလေးက"

မေမေက သူ့ပေါင်ပေါ်ကို Seulgi ကိုဆွဲတင်ပြီး ပါးတွေကိုဖိကပ်နမ်းရင်းမေးတယ်။

"ဟုတ်တယ်ဟုတ်တယ် စားဖိုမှူးကြီးလုပ်ပြီး ချစ်ရတဲ့သူတွေကို ဟင်းတွေချက်ကျွေးပစ်မှာ။ ဒါပေမယ့် ..

ကလေးငယ်လေး Seulgi က မျက်နှာတွေညှိုးသွားတယ်။

"သမီးအခုလူတွေသတ်ထားတယ်မေမေ .. လူတွေအများကြီး .. ဟားဟား.."

မေမေ့ပေါင်ပေါ်က ကလေးငယ်က လူတွေသတ်ထားတာကိုပြောပြီးရယ်မောနေတာကို Seulgi အတိုင်းသားမြင်နေရတယ်။ ဟင့်အင်း မဟုတ်ဘူး။ အဲ့တုန်းက သူမ ဘယ်သူ့ကိုမှမသတ်ဘူး။ လိပ်ပြာကလေးတွေသေတာတောင် သူမ ကြိုက်တာမဟုတ်ဘူး။ ပန်းတွေညှိုးသွားရင်တောင် သူမ ငိုခဲ့တာ။

"ဂေဟာကနေ လူသတ်ချင်လို့ ထွက်ပြေးလာခဲ့တာလေ မေမေရဲ့"

ပါးစပ်အရသာခံပြောနေတဲ့ အဲ့ကလေးမလေး Seulgi ကို Zeki သတ်ပစ်မယ်။ အဲ့ Seulgi က မေမေ့ကိုသွေးထိုးနေတဲ့ မကောင်းဆိုးဝါးမပဲ။

"Seulgi နင်သေစမ်းပါ နင်သေသွားလိုက်စမ်းပါ"

အိပ်ရာထက်မှ လူးလွန့်စွာအော်နေသည့် Seulgi ကို သူ့ရဲ့မေမေနဲ့ သူ့သူငယ်ချင်းတွေက အတင်းလှုပ်နှိုးနေကြတယ်။ Joohyun .. Joohyun သူ့အနားကိုမသွားရဲဘူး။ ကြောက်တယ်။ မနေ့ညက သူ့ကို မြင်လိုက်ကတည်းက အသွေးထဲအသားထဲကကို Joohyun ကြောက်မိနေတာ။ အဲ့ကောင်မလေးကို ငါဆုံးရှုံးသွားလိုက်ရရင်ဆိုတဲ့ အသိနဲ့ Joohyun ရူးမတတ်ကြောက်သွားတာ။ သွေးလန့်သွားခဲ့တာ။ နောက်ပြီး အဲ့လိုဆုံးရှုံးမခံချင်စိတ်တွေမဖြစ်အောင် သူ့ကို ထိတောင်မထိခဲ့ဘူး။ သူ့ကို မုန်းပစ်ရမယ်။ သူက Joohyun မုန်းပစ်ရမယ့်သူ။ လူလိမ်။ လူသတ်သမား။

Cactus Where stories live. Discover now