အခန်းထဲဝင်လာပြီး ခေါင်းရင်းနားက Ma'am ပုံလေးကိုကြည့်မိတော့ လွမ်းစိတ်တို့ အမြစ်ထပ်တွယ်လာသည်။ နှလုံးသားထဲမှာ Ma'am ကိုလွမ်းတဲ့အလွမ်းတွေက အပင်တစ်ပင်ဖြစ်နေပြီ။ တစ်နေ့တစ်နေ့အမြစ်တွေပွါးပွါးလာတာ ခံစားလို့ရနေသည်။ သို့သော် ဆုံးဖြတ်ခဲ့ကြပြီးသလိုပဲ အပြီးသတ်လိုက်ကြတဲ့ ရင်းနှီးမှုကြောင့် အပင်ကို နှလုံးသားထဲမှာ ပျိုးရုံမျှသာတတ်နိုင်ပါသည်။

အကြောင်းစုံကိုမသိပေမယ့် သူမနဲ့ Ma'am ဆက်ဆံရေးကို ရပ်ပစ်လိုက်ခဲ့ပြီဟု သိထားသည့် မေမေက Ma'am ဆီပြန်သွားဖို့ အစီအစဉ်မရှိဘူးလားဟုခဏခဏမေးတတ်သည်။ ထိုအစီအစဉ် သူမတွင်ရှိပါသည်။ သို့သော် ကြိုးစားနိုင်ဖို့အခွင့်အရေး အခုထိမရသေးပေ။

"မေမေ ဟိုကလေးမကို လွမ်းလိုက်တာကွယ်။ ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာလဲမသိဘူး"

အတူတူထမင်းစားရင်းပြောလာသည့် မေမေ့ရဲ့စကားထဲမှ ဟိုကလေးမဆိုသည်မှာ Ma'am ကိုရည်ညွှန်းကြောင်း သူမတို့သဘောပေါက်ကြသည်။

"သူရုံးခွဲအသစ်ဖွင့်လိုက်တယ်တောင်ကြားတယ်။ သူ့အလုပ်ကမိုက်တယ် အန်တီ ဒီဘက်ခေတ် လူငယ်တွေလုပ်လေ့ရှိကြတဲ့ဟာတွေကို လိုက်စုံစမ်းပြီး ကုမ္မဏီသေးသေးလေးတွေ လုပ်ငန်းသေးသေးလေးတွေကို သူကထောက်ပံ့ပေးတာ"

Wendy ရဲ့စကားကို သူမ ငြိမ်သက်စွာနားထောင်နေမိသည်။

"ငါစားသောက်ဆိုင်ဖွင့်ရင်ကောင်းမလား"

ရုတ်တရက်ထမေးတဲ့သူမရဲ့မေးခွန်းကို မေမေတို့က ခဏမျှကြောင်နေပြီးမှ အသည်းအသန်အားပေးကြသည်။ ဒီလိုဆိုလျှင် သင်တန်းတက်လိုက်သည်က အလကားမဖြစ်တော့ပေ။ သင်တန်းပြီးတာနဲ့ ဆိုင်အတွက်ပြင်ဆင်ရမည်။ ဆုံးဖြတ််ချက်အသစ်တို့ချ၍ Seulgi ကျေနပ်နေသည်။

သင်တန်းရှိရာသို့ bus စီး၍ပဲသွားဖြစ်ကြသည်။ အပျော်လွန်နေသည့် SooYoung ကိုကြည့်၍ Wendy က ပြုံးနေခဲ့သည်။ သူမကတော့ တစ်ချိန်တုန်းက bus ပေါ်မှာ အသက်ကိုခပ်မျှင်းမျှင်းရှူရင်း Ma'am ဆီမရရအောင်ပြန်ခဲ့တာကို သတိရနေတယ်။

"နာမည်နဲ့ လိုအပ်တာလေးတွေဖြည့်ပေးနော် ဟိုနားမှာထိုင်ဖြည့်လို့ရတယ်"

Cactus Where stories live. Discover now