Chapter-27(နံရိုး ကျိုးကျေခြင်း)

Start from the beginning
                                    

လုံရှန်ကတော့ နံရိုးကျိူးသွားသည့်အကြောင်းအားကြပြီးနောက် သူ့ မျက်လွှာချလိုက်ကာ
"ဗိုလ်မှူး.. မင်းက တကယ်ပဲmasochist ဖြစ်နေတာလား? ငါနဲ့ မင်း အချင်းချင်းသိလာကြတာ ကြာလှပြီကို ငါ ဒီအကြောင်းကို ဘာလို့မသိရတာလဲ"
လုံရှန် သွေးတိုးစမ်းလိုက်သည်။

(Note; 'masochist' = နာကျင်မှု၌ ပျော်မွေ့သူ or သူများနာကျင်သည်ကို သဘောကျသူ)

'သူကတော့ တကယ်ကို စောက်ရူးဖြစ်လာပြီပဲ.. ဒီနေ့
မှ ရွှီယမ်ယိနဲ့ လက်ထပ်တယ် ဒီနေ့မှာတင် ရွှီယမ်ယိရဲ့ အနိုင်ပိုင်းခြင်းခံနေရတယ်.. ငါ့အထင်တော့ ရွှီယမ်ယိ ဘာလုပ်လုပ် သူအရာရာကို သည်းခံပေးမဲ့ပုံပဲ.. ဘာပဲဖြစ်ဖြစ် ဒီလို အားအင်ပြည့်ဝပြီး ထင်ရာစိုင်းတဲ့ ဇနီးရထားတာလည်း ပျော်စရာပဲ မဟုတ်လား' လုံရှန် တစ်ယောက်တည်း တွေးလိုက်မိသည်။

အစပိုင်းကတော့ လုံရှန် ဟယ်ကျင်းရန်အား စိတ်ပူနေသော်လည်း  စက္ကန့်ပိုင်းအကြာတွင် ပျော်စရာအား စောင့်မျှော်နေသည့် အသွင်သို့ ပြောင်းလဲသွားသည်။

"မိန်းမ??"    စစ်လီဖာက ဆေးလိပ်ငွေ့အား မှုတ်ထုတ်လိုက်ပြီး မရေရာစွာမေးလိုက်သည်။ နောက်မှ ဒီနေ့က ဟယ်ကျင်းရန်ရဲ့ လက်ထပ်ပွဲဖြစ်ကြောင်း အမှတ်ရလိုက်ပြီး သိပြီ ဟူသော ပုံစံလုပ်ပြလိုက်သည်။ သိူ့သော္လည်း သူ ပျင်းရိစွာသမ်းဝေလိုက်ပြီး စိတ်မဝင်စားသည့်ပုံစံဖြင့်
"လုံရှန်.. မင်း အခု ဒီထဲက ထွက်သွားတော့. ဒီကောင့်အတွက် ငါ ခွဲစိတ်မှု လုပ်ပေးပြီးရင် ငါ အိပ်အုံးမယ် ငါမအိပ်ရတာ နှစ်ရက် ရိှနေပြီ"
ထို့နောက် သူက ထပ်ခါထပ်လာ သမ်းဝေနေသည်။

'ငါစိတ်ပူတာက.. သူ ဒီလိုအခြေအနေမျိုးနဲ့ ဟယ်ကျင်းရန်ကို ခွဲစိတ်ပေးနိုင်ပါ့မလား.. ဒါပေမဲ့လည်း ဟယ်ကျင်းရန်က စိတ်တည်ငြိမ်တဲ့သူပဲ အဆင်ပြေမှာပါ"

လုံရှန် ဘာမှဆက်မပြောတော့ပေမဲ့ သူနာပြုမလေး ပတ်တီးစည်းပြီးသည်ကို စောင့်နေလိုက်သည်။  သူ မတ်တပ်ရပ်ပြီး ထွက်သွားတော့မည်အချိန်တွင် ဟယ်ကျင်းရန်က
"သူ့ကို ငါ့နေရာဆီ အရင်ခေါ်သွားပေးလိုက်"

ဘာမှ ဆက်ပြောခြင်းမရိှတော့သော္လည်း ဟယ်ကျင်းရန် ဘာကို ဆိုလိုချင်နေမှန်း လုံရှန် နားလည်ပြီးသားပင်။ လုံရှန်က စလိုက်သည်။
"ဘာလို့လဲ? မင်းက မင်းဇနီးလေးကို အစောကြီး ဝှက်ထားမယ် ဟုတ်လား.. မင်းဇနီးက တခြားယောက်ျားလေးတွေ ကြည့်လိုက်လို့ မထိခိုက်နိုင်ပါဘူး"

စစ်အရာရိှဟယ်ရဲ့အစားထိုးခံသတို့သားလေး(ခေတ္တရပ်နား)Where stories live. Discover now