Chapter-23

3.4K 670 22
                                    

Unicode ❤️❤️

"သေစမ်း! ခင်ဗျား ရူးနေတာလား! ဒဏ်ရါရနေတာကို ဘာလို့ မပြောတာလဲ!?"

ရွှီယမ်ယိက သူ့ ဂါဝန်အနားစအား ဆွဲဖြဲလိုက်ကာ ဟယ်ကျင်းရန်ရဲ့ လက်မောင်းအား သွေးတိတ်စေရန် စည်းနှောင်ပေးလိုက်သည်

ရွှီယမ်ယိ သူ့အပေါ် ဂရုစိုက်ပေးသည်ကို သတိထားမိတော့ ဟယ်ကျင်းရန် နှုတ်ခမ်းတို့ ကွေးညွတ်အောင် ပြုံးလိုက်ပြီး ရွှီယမ်ယိနားသို့ မျက်နှာစောင်းလိုက်ကာ စနောက်သလိုလိုဖြင့်
"အချစ်... ကိုယ်အရမ်းနာတာပဲ.. ကိုယ့်ရဲ့ နာကျင်မှုတွေပျောက်သွားအောင် အနမ်းလေးပေးပါလား"

ထို့နောက် သူ့ရဲ့ ပါးလျသောနှုတ်ခမ်းတို့ဖြင့် ရွှီယမ်ယိအား နမ်းရန် ဉီးတည်လိုက်သည်။ သို့သော်လည်း သွက်လက်၍ ဆတ်ဆတ်ထိမခံတတ်သော ရွှီယမ်ယိကတော့ ရုတ်တရက် ဟယ်ကျင်းရန်ပါးအား ရိုက်လိုက်သည်။
"လာမစစမ်းနဲ့...  F*ck off!!"

ဟယ်ကျင်းရန် အနမ်းတော့မရလိုက်ပဲ ပါးရိုက်တာသာခံလိုက်ရသည်။ ကျယ်လောင်သွားသော အသံကို နားထောင်ကြည့်ရုံနဲ့တင် ဘယ်လောက်တောင် နာကျင်နိုင်ကြောင်းသိနိုင်သည်။ သူကိုယ်တိုင် ဖန်တီးမိတာကြောင့် ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်ပေ။

ထူးဆန်းစွာ.. ဟယ်ကျင်းရန်က စိတ်မဆိုးတဲ့အပြင် အပြုံးကြီးဖြင့်ပြုံးကာ
"ရှက်နေတာမဟုတ်လား.. မင်းရဲ့ ဒေါသထွက်နေတဲ့ မျက်နှာသေးသေးလေးကိုကြည့်အုံး အရမ်းချစ်စရာကောင်းတာပဲ"
ထို့နောက် ဟယ်ကျင်းရန် ရွှီယမ်ယိရဲ့ ပါးအား ဖိညှစ်ကာ မကောင်းဆိုးဝါးအပြုံးဖြင့် ပြုံးနေသည်။

မကြာခင်မှာတင် ဟယ်ကျင်းရန် နဖူးတည့်တည့်ကို ရွှီယမ်ယိ သေနတ်နဲ့ ချိန်လိုက်ကာ ကြောက်စရာကောင်းသော ကျည့်ဖြည့်သံအား ကြားလိုက်ရသည်။

"ခင်ဗျားရဲ့ နောက်လက်မောင်းတစ်ဖက်ကို ဒဏ်ရါရစေချင်လား??"

ဟယ်ကျင်းရန် လက်တို့ကို ရုတ်လိုက်ပြီးနောက် ရွှီယမ်ယိက သူ့ ခေါင်းအား အားဖြင့် ဖိချိန်ထားလျက် သတိပေးလိုက်သည်

အမှန်တကယ်တမ်းတော့ ရွှီယမ်ယိ ဒေါသမထွက်ပေ။ ဟယ်ကျင်းရန်ကို သူ့ကိုယ်သူ ကောင်းကောင်းနေစေချင်ရုံပင်။

စစ်အရာရိှဟယ်ရဲ့အစားထိုးခံသတို့သားလေး(ခေတ္တရပ်နား)Where stories live. Discover now