𝑷𝒂𝒓𝒕 19

5.3K 511 15
                                    

တောက်ပစူးရှသောအလင်းတန်းက မျက်လုံးကိုလာရောက်ထိုးဖောက်ပြန်တော့ မှေးနေရင်းနှင့်ပင် မျက်နှာလေးရှုံ့မဲ့ပြီး ရင်ဘက်ထိခြုံလွှားထားသော စောင်ဖြူကိုခေါင်းမြှီးခြုံလိုက်ပြန်သည်။

မွှေ့ယာပေါ်မထသေးဘဲအတွေးထဲဝင်လာသည်က
"ငါညကဘာဖြစ်ခဲ့ပါလိမ့်"

ဝိုင်သောက်နေသည်အထိသာသတိရပြီးနောက်ဆက်တွဲတွေ မသိတော့ပေ။

"ဟိုလူကြီးကတော့ မူး​နေတာကိုအခွင့်​ကောင်းယူပြီး တစ်ခုခုမလုပ်လောက်ပါဘူးနော်"

စောင်ခြုံမြှီးခြုံလျက်အတွေးပေါင်းသောင်းခြောက်ထောင်နှင့်ကိုယ်တော်ချောက အိပ်ယာထဖို့မစဉ်းစားပဲ ဆက်မှေးနေလေသည်။

မနက်စာပြင်နေရင်း အခန်းထဲက ကလေးငယ်ကိုသွားနိုးရအုံးမည်။
ကျောင်းရက်ရှည်ပိတ်ထားတော့ ကလေးငယ်က အပျင်းတစ်ပြီးစောစောမထ။
ယခုလည်းဆယ်နာရီပင်ခွဲနေကာ မနက်စာနှင့်နေ့လည်စာပေါင်းစားဖို့များတွေးထားလားမသိ။

ရှောင်းကျန့် စားစရာများစားပွဲပေါ်တွင်ပြင်ဆင်ပြီး ရိပေါ်ရှိရာအ​ပေါ်ထပ်ရှိအခန်းထဲဝင်လာ​လေသည်။
ခေါင်းမြှီးခြုံအိပ်နေသည့် ကလေးကအသက်ရှူမကြပ်သည်လားမသိ။
ရှောင်းကျန့် စောင်ကိုဆွဲချလိုက်ရင်း

"ချာတိတ် ထတော့ ရေမိုးချိုး မနက်စာစားမယ်"

"......"

နိုးနေရဲ့သားနှင့် ရိပေါ်က စကားပြန်မပြောဘဲတစ်ဖက်သို့ကျောပေးကာဆက်အိပ်နေလေသည်။

"ချာတိတ် ကိုယ်ပြောနေတယ်လေ ထတော့လို့"
မွေ့ယာဘေးမှရပ်နေကာ ကျောပေးထားသော ရိပေါ်ကိုယ်ကိုဆွဲလှည့်၍ ကိုယ်ကိုအနည်းငယ်ကုန်းကာ လှုပ်ခါနှိုးနေလေသည်။

မထသည့်အပြင် ဝေးရာနေရာကိုရွှေ့၍ဆက်အိပ်နေတာမို့ ရှောင်းကျန့်တို့စိတ်ရှည်မနေတော့။

"ဝမ် ရိ ပေါ် ထစမ်း"

အသံမာမာဖြင့်ပြောတော့မှ မျက်လုံးပြူးပြီးလှည့်ကြည့်ကာ ချက်ခြင်းထထိုင်၍

"ကိုကို ကျတော့်ကိုမချစ်ဘူး ကျတော့်ကိုအော်တယ်"
ငိုမဲ့မဲ့မျက်နှာလေးရယ် သနားစဖွယ်အပြုအမူလေးရယ်ကြောင့် သနားမိပြန်ပြီး ရိပေါ်ဘေးဝင်ထိုင်လိုက်သည်။

𝑴𝒀 𝑺𝑼𝑮𝑨𝑹 𝑮𝑬 𝑮𝑬(𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now