𝑷𝒂𝒓𝒕 4

8K 722 9
                                    

"ရှောင်းကျန့် ဒါတွေခင်များတစ်ယောက်ထဲချက်ထားတာလား"
ထမင်းစားပွဲဝိုင်းပေါ်၌ စားချင်စဖွယ်ပြင်ဆင်ထားသောအရာများကိုလက်ညိုးထိုးပြီးပြောလိုက်တော့ခေါင်းညိတ်ပြသည်။

"ထိုင်လေ ချာတိတ် မနက်စာစားပြီးရင် ကိုယ်နဲ့လျှောက်လည်မယ်"

"ဘယ်လို လည်ဦးမယ် ဟုတ်လားဘယ်ကိုလဲ"
မျက်လုံးလေးပြူးပြူးနှင့်မော့ကာမေးလာသည်မို့

"ချာတိတ်ကကိုယ်နဲ့အတူ ဒီအိမ်ထဲမှာပဲနေချင်လို့လား
ဒါဆိုလည်းရ...."

"မနေပါဘူး လည်မယ်ဆိုလဲလည်မယ်ပေါ့ ဘာကြောကာစရာလိုလို့လဲ"
ရိပေါ်အဖြေကိုရှောင်းကျန့်ကသဘောကျစွာပြုံးမိသည်။

အပြင်ထွက်လည်တာကကြောက်စရာမဟုတ်ဘူး
ဒီအိမ်ထဲနှာဘူးကောင်နဲ့ပိတ်မိနေတာကမှ တကယ့်ကြောက်စရာ....

**********
"နေ...နေဦး ရှောင်းကျန့် ကားရပ်ဦး"
ရှောင်းကျန့်နဲ့ရိပေါ်လျှောက်လည်ရန်ကားမောင်းထွက်လာပြီး လမ်းတစ်နေရာရောက်တော့ရိပေါ်ကပြာပြာသလဲရပ်ခိုင်းသည်။

"ဘာလို့လဲ ချာတိတ်"

"ကျတော် အဲ့ဒါစားချင်တယ်"
လမ်းဘေးကရေခဲမုန့်သည်ကိုလက်ညိုးထိုးပြောရင်း
လျှာကလည်းနှုတ်ခမ်းကိုသပ်ပြနေသည်။
ချာတိတ်ကတကယ်အသည်းယားစရာပင်။

"ကလေးလား ရေခဲမုန့်စားရအောင်"

"လုပ်ပါဗျာ ကျတော့်ကိုတစ်ခုတော့ဝယ်ကျွေးပါနော်
ခင်များခေါ်လို့ကျတော်လိုက်လာရတာကို
ဒါလေးကျွေးတာနဲ့ခင်များစည်းစိမ်လည်းမပြုတ်သွားပါဘူး"

ဝမ်ရိပေါ်ကရေခဲမုန့်ကိုငယ်ငယ်ကကြိုက်ခဲ့ပေမယ့်
အရွယ်ရောက်လာတဲ့အခါမှာတော့မစားဖြစ်တာကြာပြီး
ရေခဲမုန့်သည်မြင်တော့စားချင်စိတ်တွေဖြစ်ပေါ်လာသည်။

ဒီလူကြီးကောင်းကောင်းပြောရင်ဝယ်ကျွေးလောက်ပါတယ်လေ....

"ကိုကိုလို့ခေါ်"

"ဘာ"
ရှောင်းကျန့်ကရိပေါ်ကိုစိုက်ကြည့်နေရင်းတည်ငြိမ်စွာပြောဆိုလာသောကြောင့်ရိပေါ်လန့်ရပါတော့သည်။

"ကိုကိုလို့ခေါ်ရင်ဝယ်ကျွေးမယ်"

What the hell!!!
ဒီလူကြီးရူးနေပြီလား ယောကျာ်းအချင်းချင်း!!

𝑴𝒀 𝑺𝑼𝑮𝑨𝑹 𝑮𝑬 𝑮𝑬(𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now