2 - Fall in Love 🖤

10.3K 588 4
                                    

(Unicode)

ပြင်ဦးလွင် ပန်းပွဲတော်
🔺🔺🔺🌺🔺🔺🔺

PWIN OO LWIN ဆိုတဲ့ စာလုံးအကြီးကြီးရှိရာ အမျိုးသားကန်တော်ကြီးအတွင်းမှာတော့ တရွေ့ရွေ့နဲ့ သွားလာလှုပ်ရှားသူများဖြင့် အထူးစည်ကားလွန်းလှသည်..
ပုံမှန်ရက်တွေနှင့် မတူဘဲ ဒီဇင်ဘာလရဲ့ ပန်းပွဲတော်ဖြစ်တာကြောင့် အမျိုးအစားစုံလင်လှသော ပန်းအမျိုးပေါင်းများစွာတို့သည်လည်း ဘယ်ညာယိမ်းကာ အပြိုင်လှနေကြတော့သည်... အလည်ပတ် လာရောက်တဲ့သူတွေကတော့ ကိုယ်စီဖုန်းလေးတွေဖြင့် တဖျပ်ဖျပ်နှင့်သာ ဓာတ်ပုံရိုက်နေကြသည်.. ထိုအထဲက ကောင်မလေးတစ်ယောက်ကတော့ SONY Camera လေးကို လည်ပင်းဆွဲကာ Toilet ရှိရာသို့ လျှောက်လို့လာသည်.. လမ်းတစ်လျှောက်မှာ ဘေးပတ်ဝန်းကျင်ကို ငေးကြည့်လာတာမို့ အိမ်သာရှိရာဖက်သို့ အရောက်တွင် အောက်မှသစ်မြစ်ကလေးကို ခလုတ်တိုက်မိသွားတော့သည်.. ဟန်ချက်ပျက်သွားတာကြောင့် ကိုယ်ကိုမလဲအောင် ပြန်ထိန်းရင်း..

"ဟာ... သွားပါပြီ အရေးထဲမှ ဒီဖိနပ်က ပြတ်သွားသေး.. ဟူး စိတ်ညစ်ပါတယ် ခြေတုံးလုံးနဲ့လဲသွားမရ.. ဒေါက်ပြုတ်နေတဲ့ ဒါကြီးကလည်း စီးရမှာ မဟုတ်တော့ဘူး..."

ဒေါက်ပြုတ်သွားသော ဖိနပ်လေးကို ကိုင်ကြည့်ရင်း နှုတ်ခမ်းကြီးဆူကာ တစ်ယောက်ထဲ စကားပြောနေသော ရှင်း....
ဒီလိုလူစည်တဲ့ ပွဲကြီးမှာမှ ဖိနပ်ပြတ်သွားတာကြောင့် ၁၂နှစ်အရွယ် ကောင်မ​လေးတစ်ယောက် အကြံအိုက်နေတော့သည်...
တစ်ယောက်ထဲထွက်လာမိတာကိုပဲ အပြစ်တင်ရမလား.. လမ်းမှာငေးနေမိတာကိုပဲ အပြစ်တင်ရမလားဖြစ်နေတော့သည်. ထိုစဥ် Toilet ထဲမှ ထွက်လာတဲ့ ကောင်မလေး တစ်ယောက်က သူ့ဆီသို့ လျှောက်လာရင်း....

"ညီမလေး ဖိနပ်ပြတ်သွားတာလား.."

"ဟုတ်တယ် မမ.. ဒီမှာလေ ဒေါက်ပြုတ်သွားတော့ စီးမရတော့ဘူး.. အဲ့ဒါ ဘာလုပ်ရမှန်းကို မသိဘူး.. ဒီမှာလည်း ဖိနပ်ရောင်းတဲ့သူက ရှိမှာမဟုတ်ဘူး..."

"ဒါဆို မမ ဖိနပ်စီးသွားလိုက်... ရော့..
နည်းနည်းတော့ ညီမလေးနဲ့ ကြီးနေမှာ..
ဒါမဲ့ ခြေဗလာထက်စာရင်တော့ တော်ပါသေးတယ်..."

Fall in Love 🖤Where stories live. Discover now