24 - Fall in Love 🖤

5.7K 331 29
                                    

(Unicode)

"ဟာ... စည်သူ
မင်းညီလေးကို လာကြည့်တာလား..?"

"ဟုတ်တယ် အန်ကယ်...
ဒီကောင် အရိုက်ခံရတယ်ဆို..."

"အေးကွာ... အန်ကယ်လည်း မပြောချင်တော့ပါဘူး... မင်းညီက မင်းထက်ကို လက်စောင်းပိုထက်နေတယ်..."

"အန်ကယ်ကလည်း.. ကျွန်တော့်ဘက်ကို လှည့်လာပြန်ပြီ..."

"မဟုတ်လို့လား ငါ့တူရ...
ဒါတောင် မင်းတို့နှစ်ကောင် မပေါင်းမိသေးလို့.. မဟုတ်ရင် ငါနဲ့ငါ့အစ်ကို မလွယ်ဘူး..."

"ဒါနဲ့ အန်ကယ်...
ဟိုဘက် ရိုက်တဲ့သူကို တရားစွဲပြီးပြီလား.."

"အန်ကယ်တို့က အဲ့လိုလုပ်ချင်ပေမယ့် အခြေနေက မရဘူးဖြစ်နေတယ်..."

"ဘာဖြစ်လို့လဲ အန်ကယ်ရ..
ဟိုဘက်က အကောင်ကြီးနေလို့လား..."

"အေး.. ဟုတ်တယ်...
ပြည်ထောင်စုဝန်ကြီးရဲ့ တစ်ဦးတည်းသော သမီးလေ... အဲ့တော့ အန်ကယ်တို့လည်း ဟိုဘက်က စကားနဲ့ ငြိမ်နေရတာပေါ့.. ပြီးတော့ မင်းညီကလည်း အဲ့ကောင်မလေးရဲ့ သူငယ်ချင်းကို ဓားနဲ့ထိုးထားသေးတာလေ.. အဲ့တော့ကွာ လူငယ်အချင်းချင်း ရန်ငြိုးတွေထားပြီး မင်းညီကို ပြန်ရိုက်တော့တာ..."

"ပြည်ထောင်စုဝန်ကြီးရဲ့ သမီးဆိုတာ ရှင်းမြင့်မိုရ်ဆိုတဲ့ ကောင်မလေးလား..."

"အေး ဟုတ်တယ်လေ...
ဘာလဲ ငါ့တူက သိနေတာလား...?"

"သိပ်ကိုသိနေတာ အန်ကယ်ရေ့...
ကျွန်တော်နဲ့လည်း သူက စက်ကွင်းမလွတ်ဘူးလေ..."

"ဟေ... အဲ့လိုလား..
မင်းနဲ့ မင်းညီ ပေါင်းပြီးတော့ မဟုတ်တာတွေ လျှောက်လုပ်မနေကြနဲ့ဦးနော်... ပြသနာကကြီးလာရင်မကောင်းဘူး.. အကုန်ဒုက္ခရောက်ကုန်မယ်..."

"စိတ်ချပါ အန်ကယ်ရဲ့...
ကျွန်တော် သူ့အားနည်းချက်ကို သိထားပြီးသား... အများကြီးအားစိုက်နေစရာမလိုဘူး.. ကျွန်တော်တို့နဲ့လည်း အမူမပတ်စေရဘူး..."

"အေး... မင်းပိုင်ရင်တော့လုပ်ကွာ...
အန်ကယ်လည်း အန်ကယ့်သား ရစရာမရှိအောင်ထိ ဖြစ်ထားတော့ သိပ်ကျေနပ်တာ မဟုတ်ဘူး..."

"ဟုတ်ကဲ့.. အန်ကယ်
စိတ်ချလိုက်တော့..."

"အိုခေ ငါ့တူ..
ဒါဆို အန်ကယ် ရုံးသွားလိုက်ဦးမယ်...
မင်းညီကတော့ သူ့အခန်းထဲမှာပဲ ရှိတယ်.."

Fall in Love 🖤Where stories live. Discover now