Beautifully Illustrated Me & He

"Hello ဟိုဆော့လား"

"အေး ဂျောင်ကု ဘာကိစ္စရှိလို့လဲ"

"မင်း အားတယ်မလား အဲ့တာဆိုရင် အခု Bar ကို လာခဲ့ပါလား"

"ဟမ်... ဘယ်က Bar လည်း ဘာကိစ္စရှိလို့လည်း"

"ထယ်ယောင်းလေ.... ဘာတွေညစ်လာမှန်းမသိဘူး
တော်တော်မူးနေပြီ"

"ဟာ သူ့ဘာသူမူးမူးပေါ့ ငါနဲ့မဆိုင်ဘူး
လာလည်းမလာနိုင်ဘူး"

"ဟာ... မင်း မလာလို့ မဖြစ်ဘူးနော်
ငါ လည်း နှစ်ယောက်ကြီးထိန်းနေရတာမနိုင်ဘူးဟ
ဂျီမင်းကလည်း မူးပြီးအတော်ရစ်နေတာ"

"ကျစ်!! သောက်လုပ်ရှုပ်တဲ့ကောင်"

"အလုပ်ရှုပ်မနေနဲ့ အဲ့တာ မင်းချစ်တဲ့ကောင်ပဲ"

"ပါးစပ်ပိတ်ထား ဂျောင်ကု!! ငါတကယ်တင်းနေတာ"

"မသိဘူးကွာ မင်းလာခဲ့မှဖြစ်မှာ ငါ လိပ်စာပို့ထားလိုက်မယ်"

"ပြီးရောကွာ ငါလာခဲ့မယ်"

မင်း အပေါ် လျစ်လျူရှုဖို့ ကြိုးစားမိသမျှအကုန်လုံး
က ဘာဖြစ်လို့ အချည်းအနှီးပဲ ဖြစ်နေရတာလဲ
ထယ်ယောင်း ရယ်

"ဟေ့ကောင် ထယ်ယောင်း မသောက်နဲ့လို့ တော်ပြီဟ"

"ဂျီမင်း ဘာလို့ အဲ့လောက်ဇွတ်သောက်နေရတာလဲ
မင်းအဲ့လိုလုပ်နေရင် အိမ်ရောက်ရင် နှစ်ယောက်လုံးအဆူခံရတော့မယ်"

"ဟာ...ဂျောင်ကုကလည်း ထယ်ယောင်း က ငါ့သူငယ်ချင်းလေ
အခု သူ နဲ့ အတူတူသောက်ပေးမယ့် အဖော်မှ မရှိတာ အဲ့တာကြောင့် ငါက အတူလိုက်သောက်ပေးတာကို ငါ့ကိုမဆူနဲ့"

"ဂျီမင်း...."

ထိုစဉ် စားပွဲပေါ်သို့ ပစ်ချခြင်းခံလိုက်ရ‌သော
ကားသော့ကြောင့် ဟိုဆော့ ရောက်လာမှန်း
သိလိုက်ရ၏

"ဘာတွေဖြစ်နေကြတာလဲ"

"ဟိုဆော့ ... မင်း ထယ်ယောင်းကို ခေါ်သွားတော့
ငါလဲ ဂျီမင်းကို ခေါ်ပြီး ပြန်တော့မယ်"

"အေး...."

"ဂျီမင်းလာပြန်ရအောင်"

"ဟာ...ဟင့်အင်း ထယ်ယောင်း နဲ့ အတူတူ သောက်အုံးမှာပဲဆို"

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now