"ဟာဗျာ....သွားပါပြီ"

"ညမလည်းသွားတာပဲ လက်ဆောင်တွေရဲ့တန်ဖိုးကမနည်းဘူး ..အကို့ ကိုပေးချင်လို့သာ ညမ ၀ယ်ခဲ့တာ"

"စိတ်မပူပါနဲ့ အဲ့လောက်ဖြစ်စရာမလိုပါဘူး
ဟိုဆော့ ဆီက ကျတော်  သေချာပေါက် ပြန်တောင်းပေးပါ့မယ်"

"အာ....အဲ့ဒီလိုလည်း မဟုတ်ပါဘူး ဒါပေမယ့်
ဟို‌တစ်နေ့က အဲ့ဒီလက်ဆောင်တွေထဲ က အကို ယူ၀တ်ထားတာတောင်တွေ့သေးတာပဲ"

"ဟုတ်...ဟုတ်တယ် အဲ့တာ ဟိုဆော့ ဆီကတောင်းထားထာ"

"ပြီးတော့ အကိုတို့ ကစားကွင်းမှာရှိနေတုန်းက ကြက်ကြော်လာပို့ခဲ့တာလည်း ညမ
အကိုတို့ Basketball လေ့ကျင့်နေတုန်းက
အချိုရည်ဗူးလာချခဲ့တာလည်း ညမပါပဲ"

"နေအုံး....ဒါဆို မင်းကြိုက်နေတဲ့သူက ဟိုဆော့
မဟုတ်ဘူးလား"

"ရှင် မဟုတ်ပါဘူး.... ညမ ကြိုက်တာ အကို့ကိုပါ"

"ဒါပေမယ့် စာထဲမှာကျ ဘာဖြစ်လို့ ကြိုက်တာ ၂ လပဲ ရှိပါသေးတယ်လို့ရေးခဲ့လဲ"

"အဲ့တာ....ဟိုးအရင်ကတည်းက ကြိုက်ခဲ့တာလို့ရေးရင် အကို က  ညမကို ချက်ချင်းရိပ်မိသွားမှာစိုးလို့ပါ"

"တောက်!!!! အခုတော့ အကုန်လုံးလွဲကုန်ပြီဗျာ"

"ဘာပဲဖြစ်ဖြစ် ညမ ဒီနေ့ကစပြီး အကို့ကို အနှောင့်
အယှက်မပေးတော့ပါဘူးး
ပြီးတော့ မနေ့က အကို့သူငယ်ချင်းနဲ့ ရည်းစားတွေ
ဖြစ်သွားပြီမလား"

"ဟို....အဲ့တာ...အဲ့တာက"

"ဘာပဲဖြစ်ဖြစ် အကို့အတွက် ၀မ်းသာပါတယ်
ဒီတစ်လော ညမကြောင့် အကိုစိတ်အနှောင့်အယှက်
တွေဖြစ်ခဲ့တယ်ဆိုရင် ညမတောင်းပန်ပါတယ်"

"ရ....ရပါတယ်"

"ဒါဆို ညမ သွားလိုက်ပါအုံးမယ်"

ဂျီဆူရီ ရှင်းပြခဲ့တာတွေကြောင့် ကျတော်အတော့်ပင်
စိတ်ညစ်သွားသည်
သူ မရည်ရွယ်ပဲ လုပ်သွားခဲ့တဲ့ ကိစ္စက
ကသေးသေးလေးဆိုပေမယ့်
ကျတော် နဲ့ ဟိုဆော့ ကြားမှာ  ကိစ္စအကြီးကြီးဖြစ်သွားခဲ့တာ
အခုတော့..... အချိန်တွေ လွန်သွားပြီ....

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now