အဲ့ဒါနဲ့ ဆရာမနဲ့ အတူတစ်ခန်းတည်းနေတဲ့ အစ်မကြီးက...

" ဟယ် ဆာကုရာအီကျန်(မျိုးရိုးနာမည်) ညနေစာကျွေးတုန်းက ဘာမှမစားခဲ့ရဘူးနဲ့တူတယ် သနားပါတယ် "
လို့ပြောပြီးဆရာမနဲ့ အတူရယ်လိုက်ကြတယ်။

အခုလာတဲ့ အဖွဲ့ထဲမှာ ကျနော်က အငယ်ဆုံးဆိုတော့ အားလုံးက ကျနော့်ကို ကလေးလိုပဲ မြင်နေကြပြီး စောင့်ရှောက်နေကြတာ။ကျနော်က ယောကျာ်းလေး ဖြစ်နေတာတောင်မှပေါ့။အဲ့ဒီအစ်မနဲ့ ဆရာမက ညအိပ်ယာ၀င်တော့မလို့ ထင်တယ် အကုန်လုံး သပ်သပ်ရပ်ရပ် ခင်းကျင်းပြီး နေပြီ။ဆရာမက ကျနော် ဘာမှ စားမထားတာသိတော့ ပြုံးပြုံးနဲ့ပဲ ခွင့်ပြုခဲ့တယ်။

နာရီကိုကြည့်လိုက်တော့ ည၁၀နာရီထိုးနေပြီ။ကျနော် ဗိုက်ထဲမှာ အတော်ကြီးဟာနေခဲ့တာ။ရှည်လျားတဲ့ ၀ရန်တာလမ်းကိုလျှောက်ပြီး အရှေ့ပေါက်ထွက်ရင် အပြန်ကျ ဘယ်သူမှ ဖွင့်ပေးမှာမဟုတ်တဲ့ အတွက် အရောက်ပေါက်နေပဲ တံခါးဂျက်ဖြုတ်ပြီး အသာလေးထွက်ခဲ့ရတော့တယ်။

ဒီနေ့ညက အော့နှလုံးနာစရာဟင်းနဲ့ကြုံခဲ့ပေမယ့် မနက်ဖြန် ဟော်တယ်ပြောင်းရမှာမလို့ တစ်ညတစ်လေပဲဆိုပြီးသည်းခံခဲ့ပါတယ်။လရောင်အောက်မှာ လျှောက်နေရင်း ကျနော့်ရင်ထဲမှာ လွမ်းဆွတ်ခြင်းကို ခံစားလာရသလိုပဲ။အစက ဗိုက်ထဲမှာ ဟာနေလို့ပဲလို့ တွေးမိပေမယ့် ရင်ထဲမှာ ဟာနေတာက မတူဘူး။ကြားဖူးတာတော့ လွမ်းတယ်ဆိုတာ ရင်ထဲမှာငိုတာတဲ့ ဒါပေမယ့် ရင်ထဲမှာပဲ ပြန်တိတ်တယ်။ ကျနော်တော့ ဂျောင်ကု ကို လွမ်းနေမိတယ်။သူကတော့ ဘယ်လိုလဲ မသိပေမယ့်။

ဒါပေမယ့် ခရီးတွေ ထွက်နေရတာလည်း ကောင်းတယ်လို့တွေးမိပြန်ရော။ခရီးထွက်ပြီး အဝေးဆုံး ကိုပြေးသွားချင်ပေမယ့် ရင်ထဲမှာ ဂျောင်ကုအတွက် နှလုံးခုန်သံကိုကြားနေရတယ်လေ။ခရီးအဝေးကြီးတွေ သွား တယ်ဆိုတာ ပြန်စရာ အိမ်ရှိနေလို့လေ။အဲ့ဒီအိမ်က ဂျောင်ကုစံ ဖြစ်နေမလား မပြောနိုင်ပါဘူး။

ကျနော်ဟာ တည်းခိုခန်းနဲ့ စားသောက်ဆိုင်တန်းတွေ တန်းစီးနေတဲ့ လမ်းအတိုင်းလျှောက်လာမိတယ်။တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့အတွက် မြို့က ပိုပြီး အေးချမ်းနေတော့တယ်။ည၀တ်အင်္ကျီပေါ်မှာ အပေါ်၀တ်ကုတ်တွေ ၀တ်ထားတဲ့ အရက်မူးသမားတွေလည်း လမ်းပေါ်မှာ အော်ဟစ်ရယ်မောသွားကြတယ်။ဒါပေမယ့် ကျနော့်စိတ်ထဲမှာ ပေါ့ပါးနေတုန်းပဲ။

The Kitchen[completed]Where stories live. Discover now