Black Eyes (Short Story)

26 4 0
                                    

Unicode
/
/
/
/

"မဂ်လာပါခင်ဗျာ။ LGBT Community ကနေကြိုဆိုပါတယ်။ 16ရက် 4 လ 2019. American.  Newyork အချိန်အားဖြင့် နေ့လည် 12 နာရီဖြစ်ပါတယ်။ "

Presenter နှစ်ဦးက နှုတ်ဆက်ပါတယ်။

"လွန်ခဲ့တဲ့အပတ်က ကျွန်တော်တို့ website မှာ
"I have close relationship with LGBT"
(ငါက LGBT တွေနဲ့ နီးစပ်မှု ရှိပါတယ်)
ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြိုင်ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ ပြိုင်ပွဲရဲ့ Rules တွေကို ပြန်ပြောပါမယ်။

"ပြိုင်ပွဲဝင်ပြိုင်မယ်ဆိုရင် website မှာ Name card ပြုလုပ်ရပါမယ်။ ဆက်သွယ်လို့ရမယ့် Mail နဲ့ What'sapp number ကိုလည်း ပေးပို့ထားရမှာ ဖြစ်ပါတယ်။

15 မိနစ်စာ Video clip တစ်ခုမှာ ကိုယ်နဲ့ ရင်းနှီးခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်း LGBT တစ်စုံတစ်ယောက်ရဲ့ LGBT နဲ့သတ်ဆိုင်တဲ့ Life Story တစ်ပိုင်းတစ်စကို ပြောပြရပါမယ်။

နောက်ထပ် 2 မိနစ်စာ Video တစ်ခုမှာ ကိုယ့်ရဲ့ ဒီသူငယ်ချင်း မိတ်ဆွေကြောင့်ပြောင်းလဲသွားတဲ့ LGBT အပေါ်ခံယူချက်ကို ပြောပြပေးရပါမယ်။

အဲ့ဒီ video ကို 8ရက် 4လ 2019 ကနေ
16ရက် 4လ 2019 အတွင်း ပေးပို့ပေးရမှာဖြစ်ပါတယ်။ "

ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ Video ပေါင်း 9285 ခု ရခဲ့ပါတယ်။ အဲ့ဒီထဲကမှ အကောင်းဆုံး Video 3 ခုကို ကျွန်တော်တို့ရွေးချယ်ပြီးပါပြီ။

အဲ့ဒီ Video သုံးခုရဲ့နာမည်ကတော့
"Who are they"
"Black eyes"
"Nice to meet you"
သုံးခုစလုံးကို  Website မှာ တင်ပေးသွားမှာဖြစ်ပါတယ်။ ပထမ ဒုတိယ တတိယ အလိုက် ဆုကြေးငွေချီးမြှင့်မှုများကို Mail ကတစ်ဆင့် ဆက်သွယ်ပေးသွားပါမယ်။

အခုကတော့ အကောင်းဆုံးတစ်ခုကို ဒီ Live မှာ ဖွင့်ပြမှာ ဖြစ်ပါတယ်။ အကောင်းဆုံအနေနဲ့ သတ်မှတ်ထားတာလေးကတော့... အဟန့်...
"Black eyes" ဖြစ်ပါတယ်။ ဒါဆို Video လေးကို ကြည့်လိုက်ရအောင်.....

☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘

Hello everyone...... . ကျွန်တော့်နာမည်ကတော့ (Thomas) သောမတ်စ် ဖြစ်ပါတယ်။ ကျွန်တော်က "I have close relationship with LGBT" ဆိုတဲ့ ​ပြိုင်ပွဲမှာ "Black eyes" ဆိုတဲ့ နာမည်လေးနဲ့အကြောင်းအရာလေးတစ်ခုကိုပြောပြချင်ပါတယ်။ ကျွန်တော့်ရဲ့ LGBT အပေါ်ရှိတဲ့ အမြင်ကိုပြောင်းလဲပေးသွားတဲ့ လူတစ်ယောက်ရဲ့ Life အပိုင်းအစတစ်ခုပါ။ ဘာလို့ Black eyes ဆိုတဲ့ နာမည်ကိုရွေးရတာလဲဆိုတော့ အဲ့ကောင်လေးမှာ အနက်ရောင်မျက်လုံးတွေရှိလို့ပါ။

Black EyesWhere stories live. Discover now