အခန်း(၃၁) မင်းမှာ တကယ်စူးရှတဲ့မျက်လုံးတွေ ရှိတာပဲ!

Start from the beginning
                                    

သတင်းထောက်တွေက သူတို့ရဲ့အာရုံတွေ ပြန်လည်မလာခင် ဒါရိုက်တာကောထက် အချိန်အတော်ကြာ မှင်တက်မိနေတယ်။

ဒါက . . . ဒါက Meng Changge အတွက် မင်းသမီး . . . နန်ရှီတဲ့လား?

ပြောဖို့ထိုက်တန်တဲ့ အတွေ့အကြုံမရှိသေးတဲ့ နာမည်မရှိအသစ်လေးတဲ့လား?

ဒါ . . . သူမက အရမ်း မလှလွန်းဖူးလား?

သူမကို ဖော်ပြဖို့ရာ စကားလုံးမရှိဘူး ... သူမက ရိုးရိုးရှင်းရှင်းနဲ့ မှင်တက်သွားစေတာ!

လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ... သူတို့တွေသည် ဒါရိုက်တာကောကို ကျာ့ချင်းချင်းနဲ့ နန်ရှီကြား ဘယ်သူက ပိုလှသလဲဆိုတာ ပြတ်ပြတ်သားသား ပြောခိုင်းဖို့ ဆွဲသွင်းခဲ့သည်။ ဒါရိုက်တာကော၏ အမူအရာ ပျက်သွားတာ အံ့သြစရာမရှိပါဘူး၊ သူတို့ရဲ့မေးခွန်းတွေက ဘယ်လောက်ရယ်စရာ ဖြစ်သွားသလဲဆိုတာ အခုတော့ သူတို့သိသွားပါပြီ။

နန်ရှီ့လိုမျိုး ပြိုင်ဘက်ကင်းအလှပိုင်ရှင် ရှေ့မှာတော့ ကျာ့ချင်းချင်းလို ငြို့အားပြင်းအနုပညာရှင် တစ်ဦးပင်လျင် မှေးမှိန်သွားရသည်။

နံရံပေါ်မှာ သူမနာမည်ကို လက်မှတ်ထိုးဖို့ လင်ဗန်းထဲက ဘောပင်ကောက်မကိုင်ခင်ထိ ကော်ဇောနီအလယ်ထက်မှာ နန်ရှီက ကင်မရာတွေကို ပို့စ်ပေးခဲ့သည်။

သူမ တစ်ဖက်ကို လှည့်လိုက်တဲ့အခါမှာတော့ ပင့်သက်ရှိုက်သံတွေနဲ့ နောက်ထပ် ကင်မရာမီး တဖျက်ဖျက်ရိုက်သံတွေက ဆူညံသွားတော့သည်။

ဒီဝတ်စုံက နောက်ကျောဗြောင် ဒီဇိုင်းပါ၊ စတိုင်လစ်က ဒါကိုရွေးခဲ့တဲ့အခါ သူမရဲ့ရှုထောင့်သွင်ပြင်ကြောင့် သူ့ဆုံးဖြတ်ချက်ကို ပိုပြီးခိုင်မာသွားစေတယ်။

နန်ရှီ့ရဲ့လက်ပြင်ရိုးတွေက အလွန်အမင်း ကောင်းမွန်လှပတယ်၊ ပြောနိုင်တာကတော့ သူတို့တွေက သူမခန္ဓာကိုယ်ရဲ့ ညို့ဓာတ်အပြင်းဆုံး အစိတ်အပိုင်းတွေ ဖြစ်တယ်ဆိုတာကိုပေါ့ ... ပြီးတော့ သူတို့တွေကိုသာ ဖုံးကွယ်လိုက်မယ်ဆိုရင် ဒါက တကယ့်ကို ဖျက်ဆီးပစ်ရာ ရောက်မယ်။

အမျိုးသမီးအနုပညာရှင်တွေက ကော်ဇောနီထက် လျှောက်လှမ်းတဲ့အခါ အာရုံစိုက်လာအောင် ဆွဲဆောင်ထားနိုင်ဖို့ သူတို့ရဲ့ရင်ဘက်ကြားကို အထူးလှစ်ဟ ဖော်ပြလေ့ရှိကြတယ် .... ဒါပေမယ့် နန်ရှီက ယဉ်လှသောနည်းလမ်းကို ရွေးချယ်ဖော်ပြသွားပြီး သူမကိုယ်ကို အခြားသူများထက်များစွာ အဆင့်အတန်းမြှင့်တင်နိုင်ခဲ့တယ်။

ကန်တော့ပွဲပေးအပြီးမှာတော့ အင်တာဗျူ းကဏ္ဍရောက်လာတယ်။

ဒီနေ့မှာ သတင်းထောက်တွေ သနားဖို့ကောင်းလှတယ်။

သူတို့တွေ ကနဦးအစက ပြင်ဆင်ထားတဲ့ မေးခွန်းတွေဖြစ်တဲ့ ~ "Meng Changge လို *မြေခွေးမနေရာအတွက် မင်းရုပ်ရည်က ပြည့်စုံတယ်လို့ ထင်ပါသလား?" / "ခင်ဗျား ဒါမှမဟုတ် ကျာ့ချင်းချင်းထဲက ဘယ်သူ ပိုချောတယ်လို့ ထင်ပါသလဲ?" / "ကောလဟလတွေအရ ... ဒီနေရာအတွက် တရားမဝင်နည်းလမ်းတွေကနေ ဖြတ်ပြီး လက်ခံခဲ့တယ်ဆို..  ဘာအကြောင်းကြောင့်ပါလဲ?" . . .

အခုတော့ သူတို့တွေ ဘယ်မေးခွန်းမှ အသုံးပြုလို့ မရတော့ဘူး. . . .

မျက်စိကန်းမနေတဲ့ လူတိုင်း ဒီအဖြစ်အပျက်နောက်ကွယ်မှာ ဘာမှမရှိဘူးဆိုတာကို ပြောနိုင်ပါတယ် - သူမမျက်နှာနဲ့တင် ယုံကြည်ဖို့ လုံလောက်နေပြီ။

သူမက Meng Changge နေရာအတွက် အသင့်တော်ဆုံး လူတစ်ယောက်ပါပဲ။

သတင်းထောက်တွေက မေးခွန်းတွေကို စတင်မေးလာခဲ့တယ်။

"မစ်နန်, ကျမမေးပါရစေ...ရှင် ဝတ်ထားတဲ့ဝတ်စုံက Karl Lagerfeld(KL) နော်.. သီးသန့်ချုပ်ပေးဖို့ ကိုယ်တိုင်းပေးပြီး မှာဝတ်ထားတာလား?"

နန်ရှီ အေးခဲသွားတယ်...

ဒီဝတ်စုံက KL ဒီဇိုင်းတဲ့လား?

သူမက ဒီလိုသန်းချီတန်တဲ့ ဝတ်စုံကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်လာတာလား?

မိစ္ဆာဘုရင်ကြီးလု...သိပ်ပြီး စိတ်မပုပ်ပါနဲ့လား!

ဒါပေမယ့် ဒီထက်ပိုပြီး ထိတ်လန့်စရာကောင်းတာက ဖြစ်လာတယ်...စောနက သတင်းထောက်ကပဲ ဆက်ပြီး မေးလာတယ်, "မစ်နန်...ဒီအပြင်အဆင် စတိုင်က Arthur နဲ့လား?"

မင်းက ဒါကိုတောင် မြင်တယ်ပေါ့လား?

မင်းမှာ တကယ်စူးရှတဲ့ မျက်လုံးတွေ ရှိတာပဲ!

_______________^﹏^_______________

Burmese Translation of
囧囧有妖's Fullmark Hidden Marriage.

Translator - J. Kiley

(K/N- *မြေခွေးမ ဆိုတာက ဟိုတိရစ္ဆာန်ကို ပြောတာမဟုတ်ပါဘူးနော်. 😁😁 မြူ ဆွယ်ပြီးထက်မြက်လှပလွန်းတဲ့မိန်းမဆိုးတွေကို တင်စားပြီးပြောတာပါ.....
ဒီအခန်း မေးသမျစိတ်ရှည်းသည်းခံပြီး ဖြေပေးတဲ့ @No_coz ရေ ကျေးဇူးပါနော်

သားတစ်ယောက်ဆို...အဖေလိုက်ပွဲ!အတွဲ၁ [မြန်မာဘာသာပြန်] UnicodeOnlyWhere stories live. Discover now