အလင်းဝေဆီ ဖုန်းဆက်ပြီး ပြောပြမယ်လုပ်လိုက်၊ တွေဝေတုံ့ဆိုင်းနေလိုက်နှင့် မိနစ်ပေါင်းများစွာ ကုန်လွန်လာပြီးနောက် သူ့ရဲ့လက်ထဲတွင် ဆုပ်ကိုင်ထားသော ဖုန်းလေးကို အလုပ် ပေးလိုက်ပါတော့သည်။ ဖုန်းသံနှစ်ချက်မြည်ပြီးသွားတော့ အလင်းဝေက ဖုန်းကိုင်လာသည်။

"ဟဲလို...ငါ့ရဲ့သူဌေးသားလေး...ညအထိ မစောင့်နိုင်တော့လို့ ဆက်လိုက်တာလား..."

အလင်းဝေတစ်ယောက် ဖုန်းပြောရင်း သူ့မျက်နှာကလည်း ပြုံးနေလိမ့်မယ်ဆိုတာကို ငွေရှိုင်းသိနေသည်။ ရယ်သံလွှမ်းနေသော အလင်းဝေရဲ့အသံကြောင့် သူတွေ့ခဲ့ရသော ဓာတ်ပုံကိစ္စကို ချက်ချင်း ပြောမထွက်နိုင်ဘဲ ငြိမ်နေမိသည်။

"ဟဲလို...ကြားရလား...
ဖုန်းလည်းမကျသေးပါဘူး...
ဘာလို့ဘာမှမပြောတာလဲ"

အလင်းဝေက သူ့ဘာသာ ရေရွတ်နေသည်။ သူ အဲ့လိုပြောပြီးသည့်နောက် ပထမဆုံးကြားလိုက်ရသော အသံမှာ ငွေရှိုင်းရဲ့ သက်ပြင်းချသံကြီး ဖြစ်နေသဖြင့် ဖုန်းတစ်ဖက်မှနေ၍ ပျာယာခတ်သွားရသည်။

"မင်းအဆင်ပြေရဲ့လား...ဘာဖြစ်လို့လဲ...ငါ့ကိုပြောလေ"

"မပြေဘူး အလင်းဝေရယ်...ငါဒီနေ့ ကိုကိုနဲ့လိုက်သွားမယ်လို့ မင်းကိုပြောထားတယ်လေ...
အဲ့တာသူ့ဆီမှာ ဘာတွေ့ခဲ့ရတယ်ထင်လဲ..."

မေးခွန်းဖြစ်သော်လည်း ငွေရှိုင်းရဲ့စကားအသွားအလာမှာ သူ့ဘာသာသူ ပြန်ဖြေမည့်ပုံရှိတာကြောင့် အလင်းဝေလည်း အာရုံစိုက်ပြီး နားထောင်နေလိုက်သည်။

"ငါတို့ဓာတ်ပုံတွေ အထပ်လိုက်ပဲ...မင်းအိမ်ကို
လာတဲ့နေ့တုန်းက ပုံတွေရော...ကန်ဘောင်သွားတုန်းက ပုံတွေရော..Green leafက ပုံတွေပါ ပါနေသေးတယ်..
ကြည့်ရတာ ကိုကို ငါတို့နောက်ကို လူတစ်ယောက် လွှတ်ထားတာထင်တယ်..."

"ဟုတ်လား...."

အလင်းဝေ ပြန်ဖြေလိုက်တာက နှစ်လုံးတည်းဖြစ်သောကြောင့် ငွေရှိုင်းထံမှ စုတ်သတ်သံထွက်လာသည်။

"မင်းက ဘာမှမဖြစ်သလိုဘဲ..
ငါ့မှာတော့ တွေ့တွေ့ချင်း လက်တွေပါ တုန်လာတဲ့အထိ...အရမ်းလန့်သွားတာ.."

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Där berättelser lever. Upptäck nu