Part 32(Unicode)

727 84 11
                                    

မှိုင်းခေါင်နှင့်ငွေရှိုင်းတို့၏လက်ထဲတွင် စာရွက်ကလေးတစ်ရွက်စီ ကိုင်ထားကြသည်။ ကျောက်စားပွဲရှည်ကြီး၏ တစ်ဖက်တစ်ချက်စီတွင် စာရွက်ကိုယ်စီကိုင်ကာ အချိန်အကြာကြီး ငိုင်နေကြပြီးမှ မှိုင်းခေါင်က စကားစပြောလာသည်။

"ဖေဖေက ငါ့ကို ဒဏ်ရာတွေနဲ့
ထားခဲ့တာပဲနော်...ရှိုင်းငယ်..." ဟူ၍...။

ထို့နောက် ကျောက်စားပွဲရှည်ကြီး၏ထိပ်ဆုံးမှ
နေရာလွတ်ကို ငေးကြည့်နေမိသည်။ ဦးမင်းခေါင်ဦးတစ်ယောက် သူတို့ဆီမှ ထွက်သွားခဲ့တာ ရက်ပိုင်းမျှပင် ကြာခဲ့ပြီကိုးဟူ၍လည်း သူတွေးနေမိသည်။

ဦးမင်းခေါင်ဦးရဲ့ရက်လည်နေ့အထိ ကိစ္စအဝဝကို ဦးထက်လင်း၏ကျေးဇူးကြောင့် အဆင်ပြေပြေ ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ ရက်လည်ပြီး နောက်တစ်နေ့ဖြစ်သော ဒီနေ့မနက်အစောပိုင်းမှာ ဦးထက်လင်းနှင့်အတူ ရှေ့နေတစ်ယောက်ပါ မှိုင်းခေါင်တို့ဆီသို့ ရောက်လာသည်။

ဦးမင်းခေါင်ဦးမသေခင်က ပြုလုပ်ထားခဲ့သော ပိုင်ဆိုင်မှုခွဲဝေသည့် စာချုပ်စာတမ်းအား မိိှုင်းခေါင်တို့ကို လာပြသည်ဟုဆိုသည်။ ဦးမင်းခေါင်ဦးသည် သူပိုင်ဆိုင်သော ပစ္စည်းဥစ္စာများမှ ငွေ့ရည်မိုးစံအိမ်နှင့် ဘဏ်ထဲမှ ပိုက်ဆံနှင့် ရွှေ၊ငွေအချို့ကို ငွေရှိုင်းထံသို့ ပေးအပ်ခဲ့လေသည်။ သူ၏တစ်ဦးတည်းသော သားဖြစ်သူ မှိုင်းခေါင်အတွက်တော့ သူ့ရဲ့ကုမ္ပဏီနှင့်Green leafအပါအဝင် ကျန်ရှိနေသေးသည့် ပိုက်ဆံနှင့် ရွှေငွေရတနာပစ္စည်းများကိုပါ ထားရစ်ခဲ့သည်။ ထို့နောက် သူ့သားနှစ်ယောက်ဖတ်ရန် စာနှစ်စောင်ကိုလည်း ထားခဲ့ပြန်သည်။

မှိုင်းခေါင်သည် သူ့လက်ထဲသို့
ထိုစာရောက်လာသောအခါ တွေးခဲ့မိသည်။

"ဖေဖေဟာ သူသေရမှာကို ကြိုသိနေခဲ့သလား..."ဟူ၍..။

စာကိုဖတ်ကြည့်လိုက်သောအခါတွင်တော့
မှိုင်းခေါင်ရဲ့ရင်တွေ နာကျင်ရတော့သည်။ စာထဲတွင် ရေးထားသည်မှာ...

*ဖေဖေ့ရဲ့သားနှစ်ယောက်အတွက် ပိုင်ဆိုင်မှုခွဲဝေတဲ့အခါမှာ ဖေဖေမရှိတော့တဲ့နောက် ရှိုင်းငယ်ကို အိမ်ပေါ်က နှင်ချလိုက်မှာကို စိုးရိမ်တဲ့အတွက် ငွေ့ရည်မိုးစံအိမ်ကို သားငယ်ကိုပဲ ပေးလိုက်ပါတယ်။ မှိုင်းခေါင်က ဒီအိမ်ကို သဘောမကျခဲ့ဘူး ဆိုတာ ဖေဖေသိတယ်။ ကျန်တဲ့ပိုင်ဆိုင်မှုအားလုံးက်ိုလည်း သဘောမကျခဲ့ရင်တောင် ဒါတွေကိုရဖို့အတွက် မင်းအဖေဟာ
သွေး၊ချွေးတွေ ရင်းပြီး ကြိုးစားခဲ့ရတာကိုတော့ မှတ်ထားပေးပါ။ ဒါကြောင့် ဒီပစ္စည်းတွေကို မပျောက်ပျက်သွားအောင် ထိန်းသိမ်းပေးပါ။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now