Intro

5.8K 426 39
                                    


(Zawgyi)

"ကလေးတို့...ဒီနေ့ကျောင်းသားအသစ် ရောက်မယ်နော်... အရင်နေ့တွေကလည်း တီချယ်ပြောပြီးသားပါ...

ဒီGreen Leaf ကျောင်းပိုင်ရှင် ဦးမင်းခေါင်ဦးရဲ့သားဖြစ်တဲ့အတွက် မင်းတို့ဘက်ကနေ ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံစေချင်တယ်...

ဟိုနောက်ဆုံးကနှစ်ယောက်..
.အေး...နင်တို့အဓိကနော်...."

ဆရာမစကားအဆုံးတွင် ကျွန်တော်အပါအဝင် တစ်ခန်းလုံးကအနောက်သို့ လှည့်ကြည့်ကြသည်။ ထုံးစံအတိုင်း ချာလီနဲ့ဂေါ်လီအမြွှာနှစ်ယောက်ကို ပြုံးစိစိနှင့်မြင်လိုက်ရသည်။

ချာလီကအကြီး၊ ဂေါ်လီကအငယ်...။ သူတို့နာမည်က ချာလီ၊ဂေါ်လီ မဟုတ်ပေမယ့် ကျွန်တော်တို့တွေကတော့ အဲ့လိုပဲခေါ်ကြတယ်...။ ဟုတ်တယ်....သူတို့နဲ့ အောင်သစ္စာ၊ နောင်သစ္စာ ဆိုတဲ့နာမည်လှလှလေးတွေက လိုက်မှမလိုက်ဖက်တာ...။

ဒီအမြွှာနှစ်ယောက်က ကျွန်တော်တို့အခန်းထဲတင်မက တစ်ကျောင်းလုံးပတ်ဆိုးနေတဲ့ အကောင်နှစ်ကောင်။ ကျွန်တော်လှည့်ကြည့်မိတော့ ချာလီက လက်သီးထောင်ပြတယ်...။ ဒီအမြွှာနှစ်ယောက်ကို ဘယ်သူအကြီး၊ ဘယ်သူအငယ်ဆိုတာ ရုပ်ကြည့်ပြီးခွဲဖို့မလွယ်ပေမယ့် ကျွန်တော်ကတော့ လက်သီးထောင်ပြရင်အကြီး...၊ ပြုံးစိစိနဲ့ ရန်စသလိုမျက်ခုံးပင့်ပြရင် အငယ်ဆိုတာ သိနေပြီ...။

ဒီကျောင်းမှာသူတို့ကို လူတိုင်းကြောက်ရပေမယ့် သူတို့ကြောက်တဲ့ကောင်တစ်ကောင်လည်း ရှိတယ်...။ အစိမ်းရောင်သစ်ရွက်၊ အများအခေါ် (Green Leaf)ဆိုတဲ့ ပုဂ္ဂလိက ကျောင်းပိုင်ရှင်ရဲ့သားကြီး မှိုင်းခေါင်ဝေဦးတဲ့...။

ကျွန်တော်နဲ့မျက်နှာကြောမတည့်တဲ့အထဲမှာ အမြွှာနှစ်ယောက်အပါအဝင် သူထိပ်ဆုံးက ....။ အမြွှာနှစ်ယောက်ကိုတော့ အနိုင်ကျင့်တာများလို့ အမြင်ကတ်တာ...။ သူ့ကိုတော့ အသားလွတ်
မျက်နှာကြောတင်းနေလို့ ကြည့်မရတာ...။

အမြွှာနှစ်ယောက်က ဆရာ၊ဆရာမတွေကိုတောင် မကြောက်ပေမယ့် သူ့ကိုတော့အသေကြောက်ဗျ....။ လမ်းမှာတွေ့ရုံနဲ့တင်ကို ပြေးပုန်းကြတာ....။
သူက သရဲတစ္ဆေဆိုရင်တောင် အဲ့လောက်ကြောက်ကြမှာ မဟုတ်ဘူး....ကျွန်တော်ထင်တယ်..သူက..ဒီကျောင်းပိုင်ရှင်ရဲ့သားမို့လို့ ပြဿနာမရှာချင်တာလည်း ပါလိမ့်မယ်....။ တကယ်တော့ သူ့ပုံစံကတမူ ထူးခြားနေတာလည်း မဟုတ်ဘူး....သာမန်ပဲ။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now