"မင်း!!..."
"အဖေပြောချင်တာ ဒါပဲမလား။ကျွန်တော်သွားပြီ"
ချက်ချင်းပဲ ရိပေါ်ထိုင်နေရာကထပြီး ထွက်သွားဖို့ခြေလှမ်းပြင်လိုက်တယ်။ဖြစ်နိုင်ရင် ဒီနေရာမှာ နောက်ထပ် တစ်စက္ကန့်လေးတောင် ထပ်မနေချင်တော့ဘူး။
"နေဦး ဝမ်ရိပေါ်!!အကယ်၍ မင်းတကယ်ပဲ မင်းချစ်သူကို ချစ်မြတ်နိုးတယ်ဆိုရင် ငါမကန့်ကွက်ဘူး။
Aikoနဲ့ကိစ္စကိုလည်း ငါအတင်းမစီစဉ်တော့ဘူး။
ဒါဟာ မင်းအပေါ်တာဝန်မကျေခဲ့ဘူးလို့ ခံစားရတဲ့
အတွက် ငါ့ဘက်က ပြန်လိုက်လျောပေးတာပဲ""........"
"မင်းဘက်ကလည်း အနည်းဆုံးတော့ ငါ့ကိုဖခင်နေရာထားပြီး ပေးတွေ့သင့်တယ်မလား။နောက်တစ်ပတ်ကျရင် ငါ့မွေးနေ့ပါတီရှိတယ်။မင်းသူ့ကို ခေါ်ခဲ့ပါ။မင်းကို ငါအခွင့်အရေးပေးခဲ့တယ်နော်။မင်းဘက်ကသာ မှန်မှန်ကန်ကန်ရွေးချယ်ရမှာ"
တွေဝေမှုတွေကြောင့် ရပ်တန့်သွားတဲ့ခြေလှမ်းတွေ။
အသိအမှတ်ပြုခံရခြင်းတွေကို သူကမလိုအပ်ပေမယ့် ရှောင်းကျန့်ကတော့ မတူဘူး။မပက်သတ်ဘဲနေနိုင်ပေမယ့် မတော်စပ်ပဲနေလို့မှ
မရတာ။သူ့ဘက်က တကယ်ကို ရွေးချယ်စရာမရှိခဲ့ဘူးပဲ။-------------------------------
လေးလံနေတဲ့ခြေလှမ်းတွေနဲ့ မပြတ်သားနိုင်သေးတဲ့ စိတ်အစုံ။
သူကိုယ်တိုင်တောင် ရှောင်ပြေးနေခဲ့ရတဲ့ ဒီအသိုင်းအဝိုင်းထဲကို ရှောင်းကျန့်ကိုဆွဲမခေါ်ချင်ပေမယ့်
ဒီလူ့အနားမှာ ဆက်နေနိုင်ဖို့က ဒီတစ်နည်းပဲရှိတာ။အဖေ့အကြောင်းကို သူအသိဆုံး။
အဖေက သူဖြစ်ချင်တာကိုဖြစ်အောင်လုပ်တတ်တယ်။ရိပေါ်ရဲ့ ခေါင်းမာတတ်တဲ့အကျင့်ကလည်း
အဖေ့ဆီက အမွေရတယ်လို့ဆိုရမလား။အကယ်၍ ရိပေါ်သာ ရှောင်းကျန့်ကိုခေါ်မသွားခဲ့ရင် အဖေကလည်း သူစီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မှာ သေချာပေါက်ပဲ။
မိဘနဲ့သားသမီး အားပြိုင်တဲ့အခါ ခေါင်းမာတာချင်း
တူရင်တောင် လွှမ်းမိုးနိုင်စွမ်းကတော့ မတူနိုင်ဘူးလေ။
Chapter 20
Start from the beginning