ညုတုတုအသံနဲ့ ဝင်ပြောလာတဲ့ မိန်းမဟာ ရိပေါ်အတွက်တော့ မျက်လုံးထဲမှာ ကန့်လန့်။မိပ်ကပ်တစ်ပိဿ .ာလောက်ဖို့ထားတဲ့ ဒီဆေးဆိုးပန်းရိုက်မျက်နှာကို ရိပေါ်ကတော့ ရွံမုန်းမိသည်။
"Yuukoပြောသလိုပဲ။မင်းကို ငါအခုချက်ချင်းအကုန်
လွှဲပေးမယ်ပြောတာမဟုတ်ဘူး။အရင်ဆုံးAikoနဲ့
အတူ အလုပ်သဘောနားလည်အောင်လေ့လာပြီး....""တော်ပါတော့...ခင်ဗျားဘယ်ခြေလှမ်းလှမ်းနေလဲဆိုတာ ကျွန်တော်မသိဘူးများထင်နေတာလား။
ဟိုအမျိုးသမီး""......."
"ငါက ခင်ဗျားအမြင်မှာ အဲ့လောက်တုံးအနေတယ်လို့ ထင်ရလို့လား။ဘာလဲ...အစ်မကအဖေကိုကြံရတာအားမရလို့ ညီမကပါသားကိုအပိုင်ကြံချင်သေးတာလား။သိပ်ပြီး ရုပ်ရှင်ဆန်နေသလားလို့"
အပြစ်ကင်းစင်ဟန်ဆောင်နေတဲ့ မျက်နှာဟာ ရိပေါ်စကားအဆုံးမှာတော့ သိသိသာသာပျက်ယွင်းသွားသည်။
"မင်း အရမ်းစော်ကားလွန်းနေပြီနော်။ငါက...ငါက"
"ဘာလဲ။အနာထိလို့ စပ်သွားတာလား"
"ဝမ်ရိပေါ်!!မင်းစကားတွေလွန်နေပြီနော်။အေး...
ရှင်းရှင်းပဲပြောမယ်။Aikoဆိုတာ ထက်မြတ်တဲ့
မိန်းကလေးတစ်ယောက်မို့ မင်းအတွက်သင့်တော်တယ်ထင်လို့ ငါစီစဉ်တာ""အဖေ!!ကျွန်တော့ဘဝကို ကျွန်တော်ဆုံးဖြတ်မယ်။အဖေ ဝင်မစွက်ဖက်ပါနဲ့။ကျွန်တော်လုံးဝလက်မခံနိုင်ဘူး။ပြီးတော့ ကျွန်တော့မှာ ရည်ရွယ်ထားတဲ့သူ ရှိတယ်"
အံ့ဩသွားပုံရတဲ့ အဖေ့မျက်နှာက သိပ်မကြာ မယုံကြည်တဲ့အရိပ်အယောင်တွေကို မြင်လာရတယ်။
"သူကဘယ်သူလဲ။မင်းရည်ရွယ်ထားတဲ့သူ"
"သူကလူကောင်းတစ်ယောက်ပါ"
"ကောင်းပြီလေ။မင်းပြောတာတကယ်ဆိုရင် မင်းရဲ့ချစ်သူကို အိမ်ခေါ်ခဲ့။ငါနဲ့ စကားပြောကြည့်ကြတာပေါ့"
"စိတ်မကောင်းပေမယ့် ကျွန်တော်မခေါ်နိုင်ဘူး။
သူက သိပ်ကိုဖြူ စင်တဲ့သူမို့ ဒီအသိုင်းအဝိုင်းထဲ
သူ့ကို ကျွန်တော်ဆွဲခေါ်လာမှာမဟုတ်ဘူး"
Chapter 20
Start from the beginning