အပိုင်း(၁၃)အိပ်မက်လှလှလေး ဆက်မက်ခွင့်ပြုပါ...။

Start from the beginning
                                    

ရုတ်တရက် အလောတကြီး အစည်းအဝေးခန်းမှ ပြေးထွက်သွားသူအား ကြည့်ကာ စေထားရာ အံ့အားသင့်သွားရသည်။ သူ၏ ရင်ဘတ်နေရာမှ စူးအောင့်လာမှုနှင့်အတူ စိတ်ခံစားချက်တို့မကောင်းတော့။

"Bossရဲ့ အပြုအမူအတွက် ကျွန်တော် တောင်းပန်ပါတယ် ဥက္ကဌစေထားရာ...ကျွန်တော်တို့ ကုမ္ပဏီဘက်က ရိုင်းပြသလိုဖြစ်သွားရတယ်...Bossက အခုကိစ္စတွက် ဥက္ကဌ ကျေနပ်အောင် ပြန်ဖြေရှင်းမှာပါ...ခုတော့ Bossအစား ကျွန်တော်ကဘဲ လုပ်ငန်းကိစ္စဆက်ပြောပါရစေ"

ခွန်းသုရှင်၏ အတွင်းရေးမှူးစကားကြောင့် သူ အရေးမကြီးကြောင်း လက်ပြကာ ပြောလိုက်သည်။

"ရတယ်...အစည်းအဝေးကို ဆက်လုပ်ပါ"

အစည်းအဝေး ပြန်စရန် ပြင်စဉ် လင်းထက်အား ကြည့်လိုက်တော့ အလိုက်သိစွာ သူ့နားသို့ ကပ်လာသည်။

"လင်းထက် ခွန်းသုရှင် အခုထွက်သွားရတဲ့အကြောင်းအရင်းက ငယ့်ကြောင့်ဖြစ်နိုင်တယ်...အခုကိစ္စကို ရအောင်စုံစမ်း"

"ကျွန်တော် အစည်းအဝေးပြီးတာနဲ့ ရအောင်စုံစမ်းလိုက်ပါ့မယ်"

"အင်း မကြာစေနဲ့...ငယ်ကြောင့်ဆိုတာ သေချာရင် ချက်ချင်း ငါ့ကို သတင်းပို့ပေး"

"ဟုတ်ကဲ့ boss"

ထို့နောက် အစည်းအဝေးသည် ပုံမှန်အတိုင်း ဆက်၍ လည်ပတ်သွားလေတော့သည်။

မင်းနဲ့ပတ်သတ်ရင်
အစိုးရိမ်ပိုလွန်းသူကိုယ်ဟာ
မင်းတစ်ယောက်တည်းကိုပဲ
အရိပ်တကြည့်ကြည့်
ကြည့်ရှုနေခဲ့တာပါ။

ကိုယ့်ရဲ့စောင့်ရှောက်မှုတွေအောက်
မင်းအသားကျနေပြီထင်မိချိန်
မင်းဟာ
ကိုယ့်ကို မလိုအပ်တော့ဘူး။

*********************

ခွန်းသုရှင် အိမ်ရှေ့တွင် ကားရပ်ပြီးသည်နှင့် အမြန်ဆင်းကာ အိပ်ခန်းဆီသို့ ဦးတည်လိုက်သည်။ အိပ်ခန်းရှိ ရေချိုးခန်းတံခါးရှေ့တွင် ဖုန်းကိုင်ထားသော ကြီးကြီးက စိုးရိမ်သော အမူအရာဖြင့် ရပ်နေသည်။

တံခါးအား ထုရိုက်ကာ လွန်းငယ်အား အော်ခေါ်လိုက်သည်။

"လွန်းငယ် တံခါးဖွင့်...လွန်းငယ် မောင်ရောက်နေတယ်...တံခါးဖွင့်...လွန်းငယ် ကြားလား လွန်းငယ်"

စေရာ(Complete)Where stories live. Discover now