မင်္ဂလာပွဲပြီးသော နောက်တစ်နေ့ တွင်ဖြစ်သည် ။ ရန်ကုန်မြို့၏ ဆောင်းမနက်ခင်းသည် ချမ်းအေးမှု သိပ်မရှိ့ ။ ထက်စစ်နဲ့ ဇေလင်းမောင် သည် ဒန်းပေါ်ထိုင်ကာ salvia ပန်းများကို အတူတူ ငေးကြည့်နေကြသည် ။
"မောင်--- ကိုမောင့်နောက်လိုက်မိ့တာမှားသွားပြီလား "
"ထက်စစ် မင်းဘယ်လိုပြောလိုက်တာလဲ ---"
"ကိုတို့အကြောင်းကို မောင့်မေမေသိ့ အောင် ဖွင့်ပြောလို့ရပြီလား --ဟမ်"
"ငါ မပြောရသေးဘူး ထက်စစ်
ပြောဖို့ကြိုးစားနေတယ် ""ဒါဆိုမပြောနဲ့တော့ မောင့်မေမေကို ကိုလည်း မသိ့စေချင်တော့ဘူး ၊ ကိုမောင့်ကို ချစ်သလို
မောင့်မေမေလည်း မောင့်ကို သိပ်ချစ်တာပဲမလား ၊ ပြီးတော့ မောင့်မေမေ စိတ်ဆင်းရဲနေတာမျိုးလည်း ကိုထပ် မမြင်ချင်ဘူး ။ ကိုကမိဘမဲ့ ဖြစ်လို့ မိဘမဲတစ်ယောက်ရဲ့ခံစားချက်ကို ကို ကောင်းကောင်းသိ့တယ် ၊
ဒီလိုခံစားချက်မျိုး မောင့်ကို မပေးချင်ဘူး ""ထက်စစ်---- !!"
ကောင်းကင်ကို ဖြတ်ပြီး ဟိုးအဝေးကို ပျံနေကြတဲ့ ငှက်လေးတွေကို ငေးကြည့်မိ တယ် ။ အအေး ဓာက် မပြယ်သေးတဲ့ ဆောင်းလေဟာ အနည်းငယ်တော့ချမ်းစိမ့်စိမ့် ရှိ့နေသည် ။ မနက်ခင်းနေရောင် ဖျော့ဖျော့လေးက တော့ သစ်ပင်တွေကြား မှ တစ်ဆင့် သူတို့နှစ်ဦးပေါ် ဖြာကျလာသည်။
မောင့်ကိုချစ်ပေမယ့် မောင့်မေမေလက်မခံနိုင်မှာ သဘောမတူနိုင်မှာ ထက်စစ် အရမ်းကြောက်မိ တယ် ။သူငယ်ချင်းတစ်ယောက်လိုဟန်ဆောင်ကာ မောင့်အိမ်မှာနေရ သည်ကို ပင် တော်တော်မျက်နှာပြောင်တိုက်၍ နေနေရသည် ဟု သူခံစားရခြင်း ဖြစ်သည်။
'ဇေလင်းမောင် အကြောင်းကို ပြောပြီး ပြုံးရွင်နေသော ဒေါ်ဇာဇာဝင်းသူ'ကို မြင်ရလေတိုင်း ထက်စစ် ရင်ထဲ တစ်မြေ့မြေ့ ခံစားရသည် ။ မိန်းကလေး တစ်ယောက်နှင့် အိမ်ထောင် ချပေးချင်သော သားအပေါ်ထားရှိ့သည့် သူမ၏ မေတ္တာ ကိုလည်း ထက်စစ်နားလည် သည် ။
ထက်စစ် စကားများက မှန်သည် ။မေမေလက်မခံမှာကို ဇေလင်းမောင် ကြောက်သည် ။ မေမေ့ကို လွန်ဆန်ရဲလောက်တဲ့ သတ္တိ့လည်း ဇေလင်းမောင် မှာမရှိ့သေးဘူး ။
ESTÁ A LER
Spring Of Breeze (Completed)
Ficção Adolescenteအချစ်ဦးအကြောင်းပြောကြမလား ။ ၁၂ နှစ်ကနေ ၁၆ နှစ်အထိ့ ချစ်ခဲ့တဲ့လူတစ်ယောက်အကြောင်းကို ခေါင်းစဉ်တပ်မယ် ။နှစ်တွေကြာမြင့်လာရင်တောင် ဒီလူကိုချစ်နေဦးမှာမို့ အချစ်ဆုံးလို့လည်းထပ်ခေါ်မယ် ။