အပိုင်း(၁၈)မောင့်နောက်လိုက်တာမှားပြီလား(uni/zgi)

1.6K 174 14
                                    

"ဟဲလို သား --"

" မေမေလား ---
သား မေမေ့ကိုလွမ်းနေတာ"

"မေမေ ပြောစရာ ရှိ့လို့ "

"ဘာလဲ မေမေ "

"သား ညီမလေး မင်္ဂလာဆောင်တော့မယ် ၊သားလာခဲ့ရမယ်နော် "

"ဟုတ်လား -!!
ဘယ်သူနဲ့လဲ မေမေ "

"သူတို့ကျောင်းကပဲ သားရေ
၊ သူဌေးအသိုင်းအဝိုင်းကနဲ့ တူတယ် မေမေကတော့ သူ့သဘောအတိုင်းပါပဲ "

"အေးပေါ့ "

"ဒါနဲ့ ၊ သား ဘယ်တော့လောက်ပြန်လာမလဲ "

"အင်း --- ရှေ့အပတ် စနေနေ့ ရန်ကုန်တတ်လာခဲ့မယ် မေမေ ၊ သားသူငယ်ချင်းတစ်ယောက်ပါခေါ်ခဲ့မယ် "

"အင်း အင်း ခေါ်လာခဲ့ ၊
ဒါနဲ့သား အခုထိ့ကောင်မလေး မရသေးဘူးလား
အသက် ၂၇ နားကပ်နေပြီနော် ၊
မေ‌မေ လည်း အိုနေပြီ သိ့တယ်မလား
အသက်မသေခင် မြေးချီဖူးချင်သေးတယ် သားရယ် "

"ဟား --ဟား မေမေကလုပ်ပြီ"

"သား ဆရာဝန်အလုပ်ကို မလုပ်ပါနဲ့‌ တော့လား ၊မေမေ့ စီးပွါးရေးတွေကို သားဦးဆောင်ရ‌ တော့မယ်လေ ၊သားညီမလေးလည်း သူ့ယောက်ျားစီးပွါးရေးတွေ ပဲ ဝင်လုပ်တော့မှာ၊ မေမေ့စီးပွါးရေးကိုသူ လည်းလက်လှမ်းမီမှာမဟုတ်ဘူး ။သားလူတွေကို အကျိုးပြုချင်ရင်လည်း ဆရာဝန်အလုပ်ကမဟုတ်ပဲ တစ်ခြားနေရာကလည်း အကျိုးပြုနိုင်ပါတယ် "

" စနေနေ့ သားကို ကြိုနေပါနော် --"

"အေးအေး မေမေလည်းသားကို လွမ်းလှပြီ ကွယ် "

"ဂျုတီရှိ့နေလို့ သားဖုန်းချလိုက်တော့မယ်နော်"

Spring of Breeze

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတွင် လူများစွာဖြင့် စည်ကားလျှက် ရှိ့‌ နေသည်။ လေဆိပ်ထဲတွင် ပြည်တွင်းမှ လာရောက်ကြတဲ့ဧည့်သည်တွေ ၊ ပြည်ပ မှ‌လာရောက် ကြတဲ့ ဧည့်သည်တွေ ၊ပြည်ပကို ထွတ်ခွါ တော့မည် ဧည့်သည်တွေ ၊ စတဲ့ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားထားကြသည့် လူများစွာသည် ရောင်စုံပန်းချီကား တစ်ချပ်လို လှပနေသည်။

ရန်ကုန်မြို့၏ မနက်ခင်းများသည် အမှန်ပင် အသက်ဝင် လွန်းလှသည်။ဇေလင်းမောင်အဖို့ ရန်ကုန်မြေတွင်လည်း လွမ်းမောစရာ အတိတ်များလည်း ရှိ့ခဲ့သည်ပဲ ။

Spring Of Breeze (Completed)Where stories live. Discover now