ထိုအခါ ဟိုဆော့တစ်ယောက် ခေါင်းမီးတောက်မတက် ပျာပျာသလဲ ဖြစ်သွားလေတော့၏

"ဟာ....မဟုတ်ပါဘူး ပေါက်တတ်ကရ‌တွေလျှောက်ထင်မနေနဲ့
ယူကွာ မင်းလိုချင်သလောက်ယူသာသွား"

"ဟိုဆော့ ...."

သူ့နာမည်ကို ရေရွတ်လိုက်ရင်း တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် အတန်ငယ်ငြိမ်သက်သွား
ပုံရသော ထယ်ယောင်းကို ငေးကြည့်မိလိုက်ရင်း

"ဘာလဲ ဘယ်ပစ္စည်းထပ်ယူချင်သေးလို့လဲ"

"မဟုတ်မှလွဲရော ... မင်း အဲ့ဒီကောင်မလေးကို စိတ်၀င်စားနေတာလား"

"ဖွီးး....."

သောက်လက်စ Sprite အချိုရည်တောင်
သီး သွားပြီး အိပ်ခန်းပြတင်းပေါက်နားထိသွားကာ ထွေးထုတ်လိုက်ရသည်အထိ
ထယ်ယောင်း က တကယ့်ကို ပေါက်တတ်ကရတွေ အရမ်းတွေးတတ်တဲ့သူပဲ
ရုပ်လဲမမြင် အသံလည်းတစ်ခါမှမကြားဘူးတဲ့ ကောင်မလေးတစ်ယောက်ကို စိတ်၀င်စားနေတယ်လို့ ထင်ရလောက်တဲ့အထိ ကျတော် ဘယ်လိုအပြုအမူတွေများ လုပ်ခဲ့မိလို့ပါလိမ့်

စောနတုန်းကလည်း လက်ဆောင်မပေးရင်
အဲ့ဒီကောင်မလေးကို ကျတော်စိတ်၀င်စားနေတယ်လို့ ထင်မှာစိုးလို့ကို ကျတော် သူ့ကိုယူခွင့်ပေးလိုက်ခြင်းသာ

ဒါတောင် သူက ကျတော့်ကို ပေါက်တတ်ကရမေးခွန်းတွေလာမေးနေပြန်ပြီ
ဒီလောက် ငယ်ငယ်လေးကတည်း က နှစ်တွေ
အကြာကြီးအတူတူနေလာခဲ့တာတောင် ကျတော့်
ခံစားချက်ကို မခန့်မှန်းတတ်လောက်တဲ့ အထိ
သူကတုံးတာလား အတာလား

"ထယ်ယောင်း မင်းရူးနေလားဟ ငါမသိတဲ့
လူတစ်ယောက်ကို ကြိုက်စရာလား
သူက လက်ဆောင်တွေအများကြီးပေးလို့ ငါက
သူ့ကို စိတ်၀င်စားနေတယ်လို့ထင်ရင်တော့ အဲ့ဒီနေရာမှာတင်လဲသေလိုက်တော့ ဟေ့ကောင်ရေ
အရုပ်ပေးတိုင်း ပြန်ကြိုက်ရအောင် ငါ က ကလေး လည်းမဟုတ်"

"မင်း မကြားဖူးဘူးလား အခုဆို ရုပ်လည်းမမြင်ဘူး အသံလည်းမကြားဘူး ပဲနဲ့ Online ပေါ်ကနေတောင် စကားတွေပြော ရင်းနှီးသွားပြီး ရည်းစားတွေဖြစ်သွားကြ‌တာတောင်ရှိသေးတယ်လေ"

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now