ပထမပိုင်းပေးထာသည့်commentsများကလည်းဓာတ်ပုံတွေဖြစ်ပြီး၊ပို့စ်ပိုင်ရှင်သည်ထိုပုံများအောက်တွင်ရူးသွပ်စွာအော်ဟစ်နေတဲ့ "အား.........."ဆိုသည့်အာမေဍိတ်အသံအတွဲလိုက်မှတ်ချက်ပြန်ရေးထားပြီး၊ တစ်ခြားလူ
အချို့သည်သူ့မအတိုင်းနောက်မှလိုက်အော်ပြီး commentsများ ပေးထားကြ၏။

commentအရေအတွက် သုံးဆယ်မြောက်တွင်သဘောထားကွဲလွဲနေသည့်comment
တစ်ခုကို ကျန်ချန် မြင်လိုက်ရသည်။

>>> အဲ့ဒါက မမှန်ဘူးမလား? လမ်းမပေါ်မှာလည်း သူ့လိုလူတွေကိုမင်းတွေ့ဖူးလိမ့်မယ်။

ရေကန်ထဲသို့ ကျောက်ခဲတစ်ခဲ လွှင့်ပစ်လိုက်လျှင်၊ထောင်ပေါင်းများစွာသောရေလှိုင်းများ ဖန်တီးနိုင်သကဲ့သို့၊သဘောထားကွဲလွဲနေတဲ့ တစ်ခုတည်းသော ထိုမှတ်ချက်အောက်တွင် စာမျက်နှာ ခုနှစ်မျက်နှာရှစ်မျက်နှာလောက်ရှည်သည့် ဆဲရေးတိုင်းထွာပြီး ကျိန်စာတိုက်ထားသောမှတ်ချက်များဝင်ပေးထားကြ၏။

ထိုမှတ်ချက်ရေးထားသည့်သူ၏IDကိုကြည့်ပြီး ကျန်ချန်ဆွံ့အသွားတယ်။
"လခွမ်း!"

ID *ထင်ပေါ်ကျော်ကြားတဲ့ အချောလေး*

သူ ကုဖေးကိုလှည့်ကြည့်ပြီးပြောလိုက်တယ်။
"မင်း အရမ်းပျင်းနေတယ် ထင်တယ်။"

"သူတို့ကို မပျင်းစေချင်လို့ဝင်မန့်ပေးတာ။"
ကုဖေးကဖုန်းကိုပြန်ယူပြီး ထို့ပိုစ့်တွေကိုဖတ်ပြီး တစ်ခစ်ခစ်ရယ်မောနေပြန်သည်။
"ကြည့်,မင်းလို ရွှယ်ပါ့တောင်လိုက်ပြီးဖတ်
နေတာပဲ။"

"ငါ တွေ့ပါတယ်။ငါတို့အရင်ကျောင်းဖိုရမ်ဆို သရဲအလားပဲခြောက်ကပ်နေတာ။ဖိုရမ်ထဲကို ဘယ်သူမှ ဝင်မကြည့်ကြဘူး။"

ကုဖေးက မေးလာ၏။
"မင်းရဲ့ ID က ဘာလဲ?။"

ကျန်ချန် ခဏတုံ့ဆိုင်းသွားပြီးမှ
"*a- certain- cheng*"

ကုဖေးက သူ့ကိုမော့ကြည့်လာသည်။
"ဘယ်လို?။"

"ငါသုံးနေကျအကောင့်* a-certain-cheng*
နောက်အကောင့်သစ်က* soandso- cheng* "

ကုဖေးက ပြောလာသည်။
"ဘယ်လိုတောင် ပုံမလာတဲ့နာမည်တွေပေးထားတာလဲ။ ပြီးတော့ မင်း ငါ့ကိုမရယ်သင့်ဘူး။မင်းရဲ့Wechatမှာအင်္ဂလိပ်လိုရေးထားတဲ့နာမည်ကို ငါ နာမည်ပြောင်မှည့်ပေးလိုက်ချင်တယ်။မင်းရဲ့ပုံစံအတိုင်းနာမည်တိုင်းကို *jiangxx*ဆိုပြီးအတိုကောက်မရေးလဲ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now