Unicode
Chapter 1
Ding Ji သူ၏ မျက်ခုံးများကိုပင့်လိုက်သည်။
" တစ်ပတ်အတွင်း ကျွန်တော့်မှာ
မေတ္တာရေး ပတ်သတ်မှု (relationship)တစ်ခု ရှိလာလိမ့်မယ်">>>>>>>><<<<<<<<
ယနေ့..
နေသာပြီး လေကတဖြူးဖြူးသုတ်နေသည်။ မိုင်များစွာအတွင်း တိမ်တစကိုပင်မတွေ့ရပါ။
တကယ့်ကို သာယာသောနေ့ကလေးပင်။Lin Wuyuသည် ခေါင်မိုးထပ်၏ လက်ရန်းပေါ်သို့ ကိုယ်ကိုကိုင်းချပြီး ခေါင်းငုံ့ကာ သူ၏ မှတ်စုစာအုပ်ကလေးကို ရေးနေလေသည်။ သူ့ ပတ်ပတ်လည်တွင်ကား ဆူညံလျက်...လှေကားထစ်များ၏ ထိပ်တွင် ဆရာနှင့် ကျောင်းသားအတော်များများရှိနေကြသည်။ ဗီဒီယိုကင်မရာများက ခေါင်မိုးထပ်အစွန်းတစ်နေရာတွင် ရပ်နေသော မိန်းကလေးတစ်ဦးထံ ချိန်ရွယ်ထားသည်။ အောက်ဘက်တွင်ကား ပို၍ပင်လူများသေးသည်။ လူတိုင်းသည် အတူတကွ အပေါ်မော့ကြည့်နေကြ၏။
ဒါသည် ဤနှစ်အတွက် ကျောင်းသားသမဂ္ဂမှ စုစည်း၍ကျင်းပသော အစည်းကားဆုံး 'လှိုက်လှဲစွာကြိုဆိုခြင်းလှုပ်ရှားမှု' ဖြစ်မှာ သေချာသည်။
"တို့ရဲ့ စားဆောင်က အစားအသောက်တွေက တအားကောင်းတာနော်...ဟင်းပွဲတွေကလည်း ဒီမြို့ထဲမှာတော့ အကောင်းဆုံးဆိုတာ အသေအချာပဲ"
မိန်းကလေးက တက်တက်ကြွကြွပြော၏။
အောက်ဆီမှလည်း လက်ခုပ်သံက ကွက်တိကွက်ကြား ချီးမြှင့်သည်။ Lin Wuyu ခေါင်းကို ငုံ့ပြီး ပြုံးမိရ၏။" အယ် မှတ်စုရေးဖို့လိုသေးတယ်ပေါ့လေ..."
သမဂ္ဂပြန်ကြားရေးဌာန၏ လက်ထောက်ကိုယ်စားလှယ်က အနီးသို့လျှောက်လာပြီး သူစာရေးနေသည်ကို မြင်သောအခါ တအံ့တသြဆိုသည်။" ကျောင်းသား သမဂ္ဂက ဗီဒီယိုမှတ်တမ်းတင်ဖို့ လူခေါ်ထားတယ်မလား...အဲဒါကို ဘာလို့ ရေးနေသေးတာလဲ...ဒါဆို ငါရော နည်းနည်းရေးသင့်လား"
"ဟမ်" Lin Wuyu က မျက်လုံးပင့်ပြီး သူ့ကို ကြည့်၏။
"အိုး..နည်းနည်းရေးပေါ့...ဘာပဲပြောပြော ဒီလိုလှုပ်ရှားမှုမျိုးက ငါတို့ကျောင်းရဲ့ ပထမဆုံးအကြိမ်ပဲဟာ...တောာ်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လေ"
YOU ARE READING
Unbridled [Myanmar Translation]
Teen FictionTitle: Unbridled Author(s): Wu Zhe 巫哲 Translator: Mel's Translations Group (🔺translated by their permission 🔺) Credit to cover photo owner. Year 2019 Status in COO 101 Chapters + 3 Extras (Completed) Original Publisher jjwxc English Publisher N/A ...