အခန်း (503)

Start from the beginning
                                    

“ ဟုတ်ပါတယ်  ကျုပ်က နေစရာ ရှာနေတာပါ။ ခင်ဗျားမှာ နည်းလမ်းများ ရှိနေလို့လား ” မိုဝူကျီက ပြန်ဖြေလိုက်သည်။

မိုဝူကျီက ဤလမ်းများအပေါ်၌ စီးပွားရှာနေကြသော ကျင့်ကြံသူအမျိုးမျိုးကို အထင်မသေးသင့်ကြောင်း  သိပေသည်။ ထိုသို့မျိုး လူမျိုးတွင် ကိုယ်ပိုင်နည်းလမ်းများ ရှိတတ်ကြသည်။

“ စီနီယာက ဘယ်လိုအခန်းမျိုးများ ရှာနေတာလဲဗျ ... တခြား လိုချင်တဲ့  အနေအထားရော ရှိသေးလား ”

ပိန်ပါးပါး ကျင့်ကြံသူက  ရိုရိုးကျိုးကျိုး  ချက်ချင်း ပြန်ဖြေလိုက်သည်။

မိုဝူကျီတွင် ရှိနေသော အင်မော်တယ်ကျောက် အရေအတွက်များအရ သူ့ကို သကြားဖေဖေဟု ယူဆ၍ မရသော်လည်း နေရစရာ ရှာရန်တော့ လုံလောက်ပေသည်။ သူက ပိန်ပါးပါးအမျိုးသား စကားကို ကြားသောအခါ  အခန်းရနိုင်ကြောင်း သိလိုက်သည်

“ အရင်ဆုံး  တိတ်ဆိတ်နေဖို့ လိုအပ်တယ်။ ဒုတိယအချက်အနေနဲ့  ကျင့်ကြံဖို့ သင့်တော်ရမယ်။ နောက်ဆုံးအချက်က ပတ်ဝန်းကျင်လည်း ကောင်းရမယ် ”

မိုဝူကျီ စကားများ ကြားလိုက်သည်နှင့် ပိန်ပါးပါး ကျင့်ကြံသူက သူဌေးတစ်ယောက် တွေ့လိုက်ရကြောင်း သိလိုက်သည်။ သူက စိတ်အားတက်ကြွလာပြီး

“ တကယ်လို့ စီနီယာက အလောမကြီးရင် နောက်ထပ် လေးနာရီလောက် စောင့်ပေးလို့ ရမလား။ အဲဒီအခါကျ စီနီယာအတွက် အသင့်တော်ဆုံးအခန်းကို ပြပါ့မယ်။ မိတ်ဆက်ပေးခက အဆင့်မြင့် အင်မော်တယ်ကျောက် ၅၀၀ ထဲပါဗျ ”

သူက မိုဝူကျီကဲ့သို့ ကျင့်ကြံသူမျိုးအကြောင်း ကောင်းကောင်း သိပေသည်။ ထိုသူတို့မှာ အင်မော်တယ်ကျောက်များကို ဂရုမစိုက်ဘဲ နေစရာ နေရာ ကိုသာ ဂရုစိုက်သူများ ဖြစ်ပေ၏။

မိုဝူကျီက ပိန်ပါးပါး ကျင့်ကြံသူကို နားမလည်နိုင်စွာ ကြည့်လိုက်ရင်း   “ ကျုပ်က ဘာလို့ လေးနာရီ  စောင့်ရမှာလဲ ”

ပိန်ပါးပါး အမျိုးသားအနေဖြင့်  မိုဝူကျီ  သူ့ကို မယုံမကြည် ဖြစ်သွားမည်ကို စိုးထိတ်သွားကာ မြန်မြန် ရှင်းပြလိုက်သည်

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now