"စကားပြောရင်နှုတ်ခမ်းမထော်ဖို့ သတိပေးထားတယ်လေ"

"ဘယ်မှာထော်လို့လဲ သူ့ဘာသာနေနေတာကို"

အဲ့လောက်လဲမထော်ဘဲ ဒီဘဲနာကြီးတော့သေတော့မယ် ဒီအတိုင်းစားနေရတာပျင်းလာလို့ ဟိုနေ့ကတွေ့တဲ့မိန်းမအကြောင်းမေးမိသည်

"ဒါနဲ့ ဘဲကြီး"

ပါးစပ်ကမဖြေဘဲ ပြောဆိုတဲ့အထာနဲ့ မော့ကြည့်ပြီးမျက်စပြစ်ပြတဲ့ဘဲနာကြီးက ကျစ် စောက်ရမ်းချောလွန်းတယ် လိုလို့လားအဲ့လောက်စွဲဆောင်မှုရှိဖို့

"ဟိုနေ့က ခများကြီးCompanyမှာ စော်ကြီးတစ်ပွေနဲ့တွေ့လိုက်တယ်"

"သဝန်တိုလို့လား"

"ကျစ်မဆိုင်တာတွေမပြောစမ်းနဲ့"

"Companyဘယ်လိုရောက်လာတာလဲ"

"ဟိုလဒJoonieနဲ့လိုက်လာတာ"

ဂျစ်တစ်တစ်ပြန်ဖြေနေတဲ့ ရှဉ့်ပေါက်လေးက ပါးဖောင်းလေးနဲ့နှုတ်ခမ်းကထော်နေပြီ ဒါလားသဝန်မတိုတာ

"သိချင်လို့လား ပါးဖောင်းလေးက"

"ကျစ်ခများကြီး ကျုပ်နာမည်ခေါ်လို့မရဘူးလား"

"မရဘူး ကိုယ်နာမည်ခေါ်ရတာ မကြိုက်ဘူး သူစိမ်းဆန်တယ်"

"ခများနဲ့လဲ သူစိမ်းဘဲလေ"

"အဲ့ဒီမိန်းမအကြောင်း သိချင်တာလား"

"မသိချင်ပါဘူး"

မသိချင်ပါဘူးပြောနေတဲ့ ပါးဖောင်းလေးက မျက်ဝန်းထဲစိတ်ဝင်စားမှုတွေစွန်းထင်းလို့

"မိဘတွေ ရှိတုန်းက စေ့စပ်ပေးထားတဲ့သူ"

"မစားတော့ဘူး ဝပြီ ပြန်တော့မယ်"

"ဒီမှာ အိပ်"

"ပြန်မှာ ခုပြန်မှာ"

"ပန်ကန်တွေဆေး အပေါ်မှာစောင့်နေမယ်"

အားဒီဘဲနာကြီး လူကိုခိုင်းစားသွားပြန်ပြီ ငါကရောဘာလို့လိုက်လုပ်နေရတာလဲ ဒီသောက်သုံးမကျတဲ့ငါ
အပေါ်တက်လာတော့ ဘဲကြီးကအလုပ်တွေမပြီးသေးပုံဘဲ

"အိပ်နှင့်ပါးဖောင်းလေး ကိုယ်အလုပ်တွေမပြီးသေးလို့ ပြီးမှလာခဲ့မယ် မစောင့်နဲ့တော့"

BAL GYI On viuen les histories. Descobreix ara