"ကျွန်မက အဲ့မိသားစုနဲ့မပတ်သက်တာကြာပါပြီ။ ဒါပေမယ့် တာဝန်တွေအများကြီးရှိတယ်။ တစ်ယောက်တည်းပဲဖြစ်နေခဲ့ပေမယ့် မိသားစုတွေက အသက်ရှင်နေသေးလို့ ဒီလုပ်ငန်းတွေကို ညီမလေးကိုလွှဲပေးနိုင်မယ့်အထိ ကြိုးစားရှင်းနေခဲ့တာ။ ငွေမဲတွေကို ငွေဖြူတွေဖြစ်အောင် ကြိုးစားနေခဲ့တာ။ ပြီးခါနီးသလောက်ရှိပြီ။ အဖေ့လူတွေက နိုင်ငံတော်ကြေးစားတွေကို သတ်ပစ်ဖို့စီစဉ်ထားတာလဲ ကျွန်မသိပြီးပြီ"

ဘယ်သူ့ကိုရှင်းပြလို့ရှင်းပြနေမိမှန်းမသိ။ နှုတ်ကနေရွတ်နေမိတယ်။ တစ်နည်းဆိုရရင်တော့ လူယုံအောင်ပြောပြနေရတာမျိုးပေါ့။

"သေသွားပစ်လိုက်ချင်တယ်အန်တီရယ်"

အန်တီ့ရင်ခွင်ထဲ ကလေးတစ်ယောက်လိုတိုးဝင်ပြီး ထပ်ငိုတော့ Seulgi က ထိုင်နေရာကနေ မတ်တပ်ထရပ်တယ်။ နောက်ပြီး Joohyun အရှေ့မှာ ဒူးထောက်ချတယ်။

"တောင်းပန်ပါတယ် Ma'am ကိစ္စတွေအကုန်ပြီးရင် အပြစ်ကိုသိတဲ့အနေနဲ့ ကျွန်မရှင့်အနားကနေထွက်သွားပေးပါ့မယ်။ မေမေနဲ့ရှင့်ကို လုံခြုံတဲ့နေရာဆီပို့ပြီးတာနဲ့ ကျွန်မတကယ်ပျောက်ကွယ်သွားပေးပါ့မယ်။ အဲ့အချိန်ထိ ..

Seulgi က တဖြေးဖြေးရောလာတဲ့ ငိုသံတွေကိုအတင်းပြန်မျိုချပစ်နေတယ်။

"အဲ့အချိန်ထိ အနားမှာရှိပေးပါ။ အဲ့အချိန်ထိပါပဲ"

Joohyun သူ့ကို ဘာမှပြန်မပြောချင်ဘူး။ ပြန်မပြောရက်ဘူး။ ပြန်လဲမပြောနိုင်တော့ဘူး။ ရက်ရက်စက်စက်ပြောမိသွားလို့ သူထပ်ငိုရင် Joohyun နှလုံးသားတွေထပ်ပြီးကွဲကြေသွားရဦးမယ်။ မုန်းပစ်ရမယ့်လူဆိုတာကို ဦးနှောက်က စွဲနေသည့်တိုင် ချစ်မိတော့မတတ် တွယ်တာနေမိတဲ့ အဲ့မိန်းကလေးကို Joohyun ဘာမှပြောမထွက်တော့ပါဘူး ..

🐆

"အစ်ကို့ကိုပြောထားတဲ့ကိစ္စလေ လက်စသတ်ပြီးပြီလား Yerim ကို  အစ်ကိုပဲဆက်သွယ်လိုက်နော်။ ကျွန်မ သူတို့နဲ့စကားမပြောချင်သေးဘူး။ ဒီဘက်မှာလဲ အကုန်ပြီးပါပြီ"

တစ်ဖက်က အဖေ့ရှေ့နေက စိတ်ချပါဟုဆိုကာ ဖုန်းချသွားသည်။ Joohyun မှာ ဘယ်သူမှမတိုင်းဆမိမယ့်အထိ ငွေကြေးချမ်းသာသည်။ အကုန်အဖေ့ငွေတွေချည်းပဲမဟုတ်။ အဖေ့လုပ်ငန်းတွေဆီပြန်မသွားခင်ထိ ကိုယ့်အရည်အချင်းနဲ့ကိုယ်ရှာထားတဲ့ငွေတွေပါပါတယ်။ အကုန်ခွဲထုတ်ခဲ့ပြီးပြီ။ သူမပိုင်ဆိုင်တဲ့ သူမရဲ့ငွေအစစ်အမှန်တွေကိုပဲ အိတ်ထဲ စာရင်းတွေထဲသိမ်းကြုံးထည့်လာခဲ့တာ။ Cactus ပန်းအိုးနဲ့ အဝတ်အစားတွေနဲ့ အဲ့ငွေတွေနဲ့ပေါ့။ ဒါကလည်း Seulgi သူမအိမ်မှာ မေ့မြောသွားတုန်းက wendy တို့ကို လှမ်းခေါ်ရင်း wendy က ပြင်ဆင်လာခဲ့ဖို့ပြောလို့။ အခြေအနေတစ်ချို့ကိုရိပ်မိပေမယ့် ဘာမှအတိအကျမသိခဲ့ပါ။ အတိအကျမသိသည့်တိုင် Joohyun က Seulgi နောက်ကို အိတ်ပိုက်ပြီးလိုက်ခဲ့ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီးပြီ။ ဒါတွေ အဲ့မိန်းကလေးသိရင် သေချာပေါက်ပျော်ရွှင်သွားမှာ။ ဒါပေမယ့် သူနဲ့မတန်ဘူးမလား။ အင်း ဘာမှမသိချင်ယောင်ဆောင်ခဲ့ရတာတွေကတော့ သူမအတွက်တန်ပါတယ်။

Cactus Where stories live. Discover now