"ငါ ပျင်းလို့ပါဆို..."

"အဲ့တာဆိုငါနဲ့လာမအိပ်နဲ့ မင်းလို ညစ်ပတ်အိုးတွေနဲ့အတူတူမအိပ်ချင်ဘူး"

"အေးကွာ ပြီးရောကွာ လုပ်မယ်ဟုတ်ပြီလား"

"သွားသွား မြန်မြန်ဆန်ဆန်လုပ်... "

အသန့်ကို လွန်တာထက်ပိုကြိုက်လွန်းနေတဲ့
ထိုကောင်ကို ဘုဆက်ဆက်ကြည့်လိုက်ပြီး
ရေချိုးခန်းထဲသို့ မ၀င့်ချင်၀င်ချင်ဖြင့်
၀င်လိုက်လေတော့၏

"ဟိုးငယ်ငယ်‌လေးကတည်းကကော အရင်နေ့တွေကကော ငါနဲ့အိပ်မယ်ဆို ရင် ဒီလိုမျိုးလုပ်ခိုင်းနေကြဟာကို အခုမှ ဘာတွေလာပြီး အထွန့်တက်နေတာလဲမသိဘူး"

အိပ်ရာပေါ်ရောက်တော့ ထယ်ယောင်းက သူ့ခြေထောက်တွေနဲ့ ဟိုဆော့တစ်ကိုယ်လုံးကို သိမ်းကြုံးပြီးခွလိုက်တော့ ဟိုဆော့
တစ်ယောက်မှာ မလူးမလွန့်သာ

"ဟာ...ဟိတ်ကောင် မင်းခြေထောက်ကြီးကို ဖယ်စမ်း ဘာလို့ အဲ့လောက်ဖက်ထားရတာလဲ အသက်ရှုကြပ်လို့သေတော့မှာပဲ"

ဟိုဆော့ က ထိုသို့ပြောတော့ ထယ်ယောင်း ခြေထောက်များဖြင့်ခွထားနေရာမှလွှတ်ပေးလိုက်ပြီး ကျောပေးအိပ်နေတဲ့ ဟိုဆော့ခါးပေါ်သို့ လက်တစ်ဖက်တင်ပြီး ဖက်ထားလိုက်ပြန်လေသည်

"ဒီလိုဆိုကောရလား"

"အွမ်း...."

"အသက်ရှုမကြပ်တော့ဘူးမလား"

"အွမ်း လို့....အဲ့လိုဖက်ရင် ရတယ် "

အိပ်ရာပေါ်မှာရှိနေတဲ့ ကျတော်တို့ နှစ်ယောက်ရဲ့အကွာဝေးမှာနီးကပ်လွန်းလှသောကြောင့်
ထယ်ယောင်း သုံးနေကြ Black Orchid ရေမွှေးနံ့
က ကျတော့်နှာခေါင်းထဲသို့ Automatic ၀င်လာသဖြင့် ကျတော် မနေတတ်တော့ပေ

ရင်တွေ တစ်ဒိန်းဒိန်းမခုန်ခင် ကြိုတင်ကာ
ကွယ်မှ တော်ရာကြမည်မဟုတ်လား !

"ရားးထယ်ယောင်း မင်းတော်တော်ပဲများတာပဲ
အိပ်ခါနီးတောင်ရေမွှေးဆွတ်ထားတာ"

"ဟင် အနံ့ရနေလို့လား"

"အေးပေါ့"

"အဲ့တာ ငါ ညနေ ရေချိုးပြီး ကတည်းက ဆွတ်ထားတာပါ အဲ့တာကိုက အနံ့ပြင်းနေတာနေမယ်
မင်း အဲ့အနံ့ကိုမကြိုက်လို့လား"

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now