"မင်းကမှ လာမစားတာ အဲ့တာကြောင့် ငါကအကုန်စားလိုက်တာ"

"ဟာ....ထယ်ယောင်း မင်းကွာ အရမ်းအကျင့် ယုတ်တာပဲ "

"မင်းအတွက်ဆို အကျင့်ယုတ်သင့်ရင်ယုတ်ရမှာပဲ"

"မားမားက ငါတို့နှစ်ယောက်စားဖို့လုပ်ပေးသွားတာ‌လေ ငါ့အတွက်တော့ နည်းနည်းပါးပါးချန်ထားပေါ့ဟ"

"မင်းက အန်တီဆွန်းဟွာလုပ်ပေးတာတွေကို
နေ့တိုင်းစားရပါတယ်ကွာ ဒီတစ်ခါငါ့ကို
အလျှော့ပေးလိုက်ပေါ့"

"ဟင်းး...ထယ်‌ယောင်း မင်းနော်...မင်း က သူများအိမ်လည်းလာနေသေးတယ်
ငါ့နေရာကို လာလုချင်နေသေးတာလား"

"တော်ပြီကွာ မင်းနဲ့စကားလုမပြောတော့ဘူးဇာတ်ကားပဲထိုင်ကြည့်တော့မယ်"

"အေး ငါပြောပြီးသားနော် ဒီနေ့ ငါနဲ့လာမအိပ်နဲ့"

"ဟာ...မရဘူးလေကွာ"

ဟိုဆော့တစ်ယောက် ထိုသို့ပြောပြီး အပေါ်ထပ်ကိုတက်သွားတော့ ထယ်ယောင်းလည်း ကြည့်လက်စ တီဗီကို ကမ်းကတန်းပိတ်ရင်း မတည့်အတူနေ အချစ်တော်သူငယ်ချင်းလေး ဟိုဆော့နောက်လိုက်ရတော့၏

ဟိုဆော့ က ထယ်ယောင်းလိုက်လာတာကို သိနေသည်မလို့ တံခါးကို ဇွတ်အတင်း ပိတ်မယ်လုပ်ရန်ကြံနေလေသည်

"ဟေ့ ငါလဲစောင့်ပါအုံး အတူတူအိပ်မယ်လေ"

"မရဘူး သွားကွာ မင်းငါ့အပေါ်အနိုင်ကျင့်တာ တော်တော်များနေပြီ သွား ဘေးစတိုခန်းထဲသွားအိပ်"

"ဟာ...ဟင့်အင်း မရပါဘူးနော် ငါ မင်းရဲ့ အိပ်ရာအနံ့ကိုကြိုက်တာ မင်းသိသားနဲ့ ပြီးတော့ ငါက တစ်ခုခုဖက်အိပ်ရမှ အိပ်ပျော်တာ..."

"အပိုတွေ!!"

အိပ်ရာကိုသွားဖို့ကြံနေတဲ့ ထယ်ယောင်းကို
ဟိုဆော့ နောက်ကနေလှမ်းဆွဲလိုက်ရင်း-

"ဟိတ်ကောင်...ညစ်ပတ်အိုးး...သွားတိုက်အုံးလေ
မင်းခုနက ဆန်မုန့်တွေစားထားတာမလား"

"ဟာ...မင်းကလည်း "

"သွား...သွားတိုက်ရင်း ခြေလက်ဆေး တစ်ခါတည်း ကိုယ်လက်သန့်စင်ခဲ့"

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now