🔇 Silence_18🔇

Start from the beginning
                                    

တဖြည်ဖြည် ငြိမ်ကျသွားတဲ့ခန္ဓာငယ်‌လေးတာကြောင့် အိပ်ပျော်သွားပြီးဆိုတာကို ယွန်ဂီသိလိုက်ပြီးမို့ အနမ်းဖွဖွကိုခိုးပေးမိပြန်သည်

တကယ်ဆို ဒီကောင်လေးကို အနမ်းဖွဖွပေးပြီးမှအိပ်တတ်ခဲ့တော့တာ သူတစ်ယောက်တည်းသိရင်လုံလောက်ပြီးမို့ ‌ဂျီမင်းဆိုတဲ့‌ကောင်‌လေးမသိလည်းဖြစ်တယ်

___________________________
______________

ဂျီမင်ရဲ့ မပြောင်းလည်းခဲ့တဲ့ မနက်ခင်းတွေတိုင်းမှာ

မျက်လုံးနှစ်လုံးဖွင်မိလိုက်တာနဲ့ ပထမဆုံးမြင်တွေ့နေကျ ကျောပြင်ကျယ်‌လေးရယ် တစ်ခါတလေ ဘယ်သူမှရှိမနေတဲ့ အိပ်ယာခင်ပြင်ရယ်

ဒီနေ့ကိုတော့ ကျောပြင်ကျယ်လေးကရှိမနေခဲ့တဲ့မနက်ခင်းလေးတစ်ခုနဲ့အစပြုတယ်

TV ရှေ့မှာကော်ဖီခွက်လေးကိုင်ကာ ငူငူငိုင်ငိုင်လေးထိုင်နေတဲ့ ဂျီမင်အနား ဂျောင်ကုကပ်ထိုင်လိုက်ရင် စူစမ်းမိ၏

တကယ်ဆို ဂျီမင်အနားသို့ကပ်သည်ကို ယွန်ဂီမကြိုက်မှန်သိပေမဲ့လည်း ဂျီမင်နှင့်တော့ရင်နှီမူလေးတစ်ခုရချင်မိတာက ဘာရယ်လိုအကြောင်းပြချက်မရှိခဲ့

မိမိဘေးဝင်ထိုင်လိုက်‌တော့ ‌ဂျောင်ကုအား ဂျီမင်သတိထားမိပေမဲ့ အလေးမစိုက်မိ ဒါကလည်းပုံမှန်ပင်မဟုတ်လား

TV အစီအစဉ်တစ်ခုအားစိတ်မပါစွာကြည့်နေမိရင် ပျံလွင့်သွားတဲ့အတွေးစတချို့က

မနေ့ညကငါ့ မင်ယွန်ဂီဆိုတဲ့လူကြီးကို ဖတ်ခဲ့မိတာပဲ ဆိုတဲ့ အတွေး‌ကြောင့် လက်ထဲကကော်ဖီခွက်အား စောင့်ချလိုက်မိသည်မှာ ဘေးနားက ဂျောင်ကုပင်လန့်သွားရသည်အထိ

လန့်သွားသည့် ဂျောင်ကုအား ဂျီမင်မကြည်ကြည့်ဖြင့်ကြည့်ကာ အပေါ်ထပ်သို့တတ်လာလိုက်သည်

အိပ်ယာပေါ်သို့ လဲချလိုက်ရင် အလိုမကျတဲ့တဲ့အတွေးများကြောင့် အိပ်ရန်သာတွေးမိပေမဲ့လည်း အိပ်မပျော်ခဲ့ပဲ အိပ်ယာပေါ်တွင်သာလူးလိမ်မိလျက်

🔇 SILENCE 🔇Where stories live. Discover now