အင်း....ကျတော် အဲ့ဒီ‌နေ့က ကိုယ့်ဘာသာကိုယ် ဘယ်နှခါမှန်း‌ မသိ လိမ်နေခဲ့ပြန်ပြီပဲ

ကိုယ့်ဘာကိုယ် အရမ်းမျက်နှာပြောင်တိုက်လွန်းရာများကျသွားမလား

မတတ်နိုင်ဘူး‌လေ မင်းနဲ့ပတ်သတ်သမျှကို မသိစိတ်ထဲကနေ လိုလိုလားလား နဲ့ အတ္တကြီး
နေမိချင်ပြန်တော့....
               
............။

ဆိုယောင်းကို ရည်းစားစကားပြောမလို့ ကျတော့်ကို အဖော်အဖြစ်လိုက်ခဲ့ပေးပါတဲ့
ဟက်!!! ကင်ထယ်ယောင်း မင်းကွာ!

တကယ်တော့ သူ က ကျတော့် ကို တမင်သက်သက် မျက်နှာပြောင်တိုက်လိုက်တာပဲ
အာ....မေ့သွားဝာာ...ကျတော် သူ့ကို ချစ်နေတာ
သူမှမသိတာ

ဘာကြောင့် ကျတော့်ကို သူ့နောက်
လိုက်ခိုင်းရတာလဲလို့မေးတော့

ကျတော် သူ့ဘေးနားမှာရှိရင် သတ္တိတွေ ပိုပြီးရလာတယ်လို့ ခံစားရလို့ပါတဲ့

အင်းလေ....မင်း ရည်းစားစကားပြောဖို့အတွက်
မင်းကို ချစ်နေတဲ့ ငါ့ဆီက သတ္တိတွေယူမယ်ပေါ့

ရတယ် ငါလိုက်ခဲ့ပေးမယ်
မင်းလိုအပ်သမျှ မင်းလိုချင်သမျှကို
မရရအောင် အတတ်နိုင်ဆုံး ငါဖြည့်စည်း
ပေးသွားမယ်

ဘာလို့လည်းဆို အဲ့တာ မင်းကို ချစ်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်မလို့ပဲ
ဒါပေမယ့်မှတ်ထား မင်းပျက်စီးရမယ့်ကိစ္စဆိုရင်
တော့ ငါဘယ်တော့မှ သဘောကောင်းကောင်းနဲ့ ကူညီပေးမှာမဟုတ်ဘူး

မင်းကိုတော့ ငါ ကိုယ်တိုင်ဖျက်စီးတယ်လို့
အဖြစ်ခံနိုင်မှာမဟုတ်လို့ပဲ
ငါ့အချစ်က ဘယ်လောက်ဖြူစင်မှန်း
မင်း မှ မသိတာ

ဟားး အခုကတော့ စိတ်ချ ငါလည်း အသည်းကွဲကွဲနဲ့မျက်နှာပြောင်တိုက်ပြီးတော့ကို မင်းဘေးမှာ
လိုက်ခဲ့ပေးအုံးမှာမလို့ !

ကျတော် လက်ခံလိုက်ပါတယ်
ဆိုယောင်းကို ရည်းစားစကားသွားပြောရင်
ထယ်ယောင်းနဲ့အတူလိုက်ပေးဖို့

မင်း အမိန့်တွေကို ဒီကောင်က လွန်ဆန်နိုင်ပါ့မလား ထယ်ယောင်း ရယ်

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Tempat cerita menjadi hidup. Temukan sekarang