ဟိုဆော့ က ဆိုယောင်း လက်ထဲကိုပါသွားမှာ
ကျတော် ကြောက်ရွံ့နေခဲ့တာလား

ကျတော် ဟိုဆော့ ကို အဆုံးရှုံးမခံနိုင်ဖြစ်နေ
တာလား
ခင်ဗျာတို့ကော တကယ်ပဲ ကျတော် အဲ့ဒီလိုတွေးနေတယ်လို့ ထင်လို့လား

ဟက် လုံး၀ အဲ့ဒီလို ဟုတ်ပါဘူးဗျာ
ကျတော် အဲ့ဒီလို အတွေးအတိုင်း စိတ်ထဲကလုံး၀ဖြစ်နေတာမဟုတ်ဘူး

ဟိုဆော့ဆိုတာ ကျတော်  ငယ်ငယ်လေးကတည်းက သူနဲ့ပေါင်းလာတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေပဲ

ဒါကြောင့် ကျတော့်အပေါ် နားလည်ပေးပြီး အနွံတာခံနိုင်တဲ့ တစ်ဦးတည်းသော သူစိမ်းကိုလက်လွှတ်ဆုံးရှုံးလိုက်ရမှာ သေမလောက်
ကြောက်တယ်

ဟုတ်တယ် အဲ့တာတစ်ခုတည်းကြောင့်ပဲ
တခြား ဘာအတွက်ကြောင့်မှမဟုတ်ဘူး

သူ က ကျတော့် ဘေးနားမရှိတော့ရင် ကျတော်အရမ်းကို အထီးကျန်နေရလိမ့်မယ်
ကျတော်တစ်ယောက်တည်း ပျင်းနေရလိမ့်မယ်
တစ်ခုခုဆို ကျတော့် အတွက် ဘယ်သူမှ ရှိနေပေးကြမှာမဟုတ်ဘူး

မတရားဘူးလို့ထင်နေတယ်မလား
တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်နေတယ်
မလား

တကယ်လို့ တစ်ယောက်ယောက်က မဖြစ်မနေ
ထွက်သွားကြကြေးဆို ကျတော် က ဟိုဆော့
ဘေးက နေ အရင်ဆုံးထွက်ခွာခဲ့မှာမလို့

သူ ကျတော့်ဆီကနေ ထွက်သွားတာကို
ဘယ်လိုစိတ်နဲ့မှ ခံနိုင်ရည်ရှိမှာ မဟုတ်တာကြောင့်

ကျဝောာ်ဟာ သူ နဲ့ ပတ်သတ်ရင် ထုတ်ဖော်ပြလေ့မရှိပေမယ့် သိပ်ကို အတ္တကြီးလွန်းတယ်မဟုတ်လား

အဲ့ဒီအတွေးကြောင့် ဆိုယောင်းကိုအဖြေတောင်း
ရမယ့် ကိစ္စကို ကျတော်လက်ခံခဲ့တယ်

နောက်ဆုံး အဲ့ဒီလိုမရေရာ မသေချာတဲ့အကြောင်းပြချက် တွေနဲ့တင် ကိုယ့်ကိုယ်တိုင်ကိုညာလိုက်ဖို့ လုံလောက်ပြီးသားဖြစ်သွားတယ်
ထင်ပါရဲ့

ဒါပေမယ့် လက်တွေ့မှာ ဘိုဆွန်း ပြောလိုက်ကတော့
ကျတော့် ဘ၀မှာမလုပ်နိုင်တဲ့အရာဆိုတာ မရှိဘူးဆိုတဲ့ အကြောင်းကို သက်သေပြချင်တာ‌မလို့
ဒီကိစ္စကို လက်ခံခဲ့တာလို့ ကျစ်တစ်ချက်သက်
ဖြေခဲ့မိတယ်

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now