ရွှိယမ်ယိ တွေဝေသွားကာ နောက်မှ ထောက်ခံလိုက်သည်။
"ဒါအမှန်ပဲလေ"

ထို့နောက် အကျေနပ်ကြီးပြုံးနေသော ဟယ်ကျင်းရန်အား မကျေနပ်သောအကြည့်ဖြင့် စိုက်ကြည့်ကာ

"ဒါပေမဲ့
ခင်ဗျားကို လက်ထပ်ထားတာ ကျွန်တော်... ဒါ့ကြောင့် ကျွန်တော့်ကိုအရူးလုပ်ဖို့ မစဉ်းစားနဲ့"

နောက်မှ ရွှီယမ်ယိ အံ့အားသင့်သွားကာ
'သေစမ်း! ငါဘယ်လိုများ ငါသူ့ကိုလက်ထပ်လိုက်တဲအကြောင်းကို ပြောမိတာပါလိမ့်!'

စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူ့ခေါင်းသူ ပွတ်သပ်ကာ အော်လိုက္သည္။

"ဘယ်လိုပဲဖြစ်ဖြစ် သူက ခင်ဗျားယောက္ခမမဟုတ်ဘူး"

'ရွှီယမ်ယိ.. မင်းငတုံးပဲ!'

ဟယ်ကျင်းရန် အပြုံးကြီး ပြုံးနေလိုက်သည်... သူ ရည်ရွယ်ချက်ရိှရိှ ရွှီယမ်ယိအား ထောင်ချောက်ဆင်နိုင်ခဲ့သောကြောင့်ပင်။

(Note; ကျင်းရန်က သူ့ယောက္ခမတော်တယ်ဆိုတဲ့အကြောင်းကိုပြောတာ ယမ်ယိက လက်မခံလို့ မလိမ့်တပတ်နဲ့ သူ့အမအကြောင်းပြောလိုက်တာပါ)

"ခင်ဗျား ဘာရယ်တာလဲ!! မကောင်းတဲ့ကောင်!!!"

အရူးလုပ်ခံလိုက်ရတာကို ရိပ်မိသွားတာကြောင့် ရွှီယမ်ယိ ဟယ်ကျင်းရန်အား သူ့အားရိှသလောက် ခပ်ပြင်းပြင်း ရိုက်နှက်နေသည်။ ပုံမှန်အတိုင်းဆို ဟယ်ကျင်းရန် ဘာနာကျင်မှုမှ မခံစားရပေမဲ့ အခုတော့ တကယ်နာကျင်နေသည့်ပုံစံဖြင့် မျက်မှောင်ကြုတ်လိုက်သည္။

"အချစ်.. ကိုယ် အခု ဒဏ်ရါရနေတာလေ.. ကိုယ့်အပေါ် ကောင်းကောင်းလေးဆက်ဆံပေးပါလား??"

ဟယ်ကျင်းရန်က သူ့နဖူးပေါ်တွင်ရိှနေသော ချွေးစက်များနှင့် ကြည့်္လို့မကောင်းပေ။ သို့သော္လည်း ဟယ်ကျင်းရန်က သူ့ရဲ့ သနားစာနာတတ်သောအကျင့်အား အနိုင်ယူရန် အားနည်းချင်ယောင်ဆောင်နေသည်ကို ရွှီယမ်ယိ သိနေတာကြောင့် အောင်နိုင်သူတစ်ယောက်လို ဟယ်ကျင်းရန်ရဲ့ လက်မောင်းအား အဝေးသို့ တွန်းထုတ်လိုက္ပြီး အေးတိအေးစက်ဖြင့်စိုက်ကြည့်ကာ
"လူလိမ်!!"

စစ်အရာရိှဟယ်ရဲ့အစားထိုးခံသတို့သားလေး(ခေတ္တရပ်နား)Where stories live. Discover now