저는 지난주에 책상을 사러 학교 앞 백화점에 갔습니다.
ကျွန်တော်ကတော့ ပြီးခဲ့တဲ့အပတ်က စာရေးခုံဝယ်ဖို့ ကျောင်းရှေ့က ကုန်တိုက်ကို သွားခဲ့ပါတယ်
백화점은 물건들을 구경하기 편했습니다.
ကုန်တိုက်ကတော့ ပစ္စည်းတွေကို လှည့်လည်ကြည့်ဖို့ အဆင်ပြေခဲ့ပါတယ်
그리고 점원들이 친절하게 설명을 해 줘서 좋았습니다.
ပြီးတော့ ဝန်ထမ်းတွေက သဘောကောင်းပြီး ရှင်းပြတာကိုလည်းလုပ်ပေးလို့ သဘောကျခဲ့ပါတယ်
저는 천천히 구경을 하고 마음에 드는 것을 하나 골랐습니다.
ကျွန်တော်ကတော့ ဖြည်းဖြည်းချင်း လျှောက်ကြည့်ပြီး စိတ်တိုင်းကျတဲ့အရာကို တစ်ခုရွေးချယ်ခဲ့ပါတယ်
하지만 그 책상은 값이 너무 비싸서 살 수 없었습니다.
ဒါပေမယ့် အဲ့ဒီစာရေးခုံကတော့ အရမ်းစျေးကြီးလို့ မဝယ်နိုင်ခဲ့ပါဘူး
그래서 싼 것을 사려고 시장으로 갔습니다.
ဒါကြောင့် စျေးသက်သာတဲ့ဟာကို ဝယ်ဖို့စျေးကို သွားခဲ့ပါတယ်
저는 시장에서 여기저기 힘들게 돌아다녔습니다.
ကျွန်တော်ကတော့ စျေးမှာ ဟိုဟိုဒီဒီ ပင်ပင်ပန်းပန်းသွားလာကြည့်ခဲ့ပါတယ်
저는 9시까지 구경을 했지만 마음에 드는 것이 없었습니다.
ကျွန်တော် ၉နာရီအထိ လျှောက်ကြည့်ခဲ့ပေမယ့် စိတ်တိုင်းကျတဲ့ဟာတော့ မရှိခဲ့ပါဘူး
그래서 책상을 사지 못하고 그냥 집으로 돌아왔습니다.
ဒါကြောင့်မို့ စာရေးခုံမဝယ်နိုင်ဘဲ ဒီအတိုင်း အိမ်ကို ပြန်လာခဲ့ပါတယ်
집에 돌아왔을 때는 밤 10시가 넘었습니다.
အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ ည ၁၀ နာရီ ကျော်နေခဲ့ပါပြီ
저는 빨리 책상을 사고 싶어서 인터넷에서 찾아봤습니다.
ကျွန်တော်ကတော့ မြန်မြန် စာရေးခုံဝယ်ချင်လို့ အင်တာနက်မှာ ရှာကြည့်ခဲ့ပါတယ်
인터넷에는 여러 가지 책상이 많았습니다. 저는 서랍이 많고 값도 싼 책상을 찾았습니다.
အင်တာနက်မှာတော့ အမျိုးမျိုးသော စာရေးခုံတွေများခဲ့ပါတယ်
ကျွန်တော်ကတော့ အံဆွဲများပြီး စျေးနှုန်းလည်း သက်သာတဲ့ စာရေးခုံကိုရှာခဲ့ပါတယ်
이 책상을 제일 싸게 파는 사이트에 들어가서 다른 사람들이 쓴 글을 읽어 봤습니다.
ဒီစာရေးခုံကို စျေးအသက်သာဆုံးရောင်းတဲ့ siteကိုဝင်ပြီး တခြားလူတွေ ရေးခဲ့တဲ့ စာတွေကို ဖတ်ကြည့်ခဲ့ပါတယ်
또 여러 가지 색깔도 자세히 본 후에 초록색 책상으로 주문했습 니다.
ထပ်ပြီး အမျိုးမျိုးသော အရောင်တွေကိုလည်း အသေးစိတ်ကြည့်ပြီနောက် အစိမ်းရောင် စာရေးခုံကို မှာခဲ့ပါတယ်
2일 후에 책상이 집으로 배달됐습니다. 생각보다 빨리 와서 놀랐습니다.
၂ရက်ကြာပြီးနောက်မှာ စာရေးခုံ အိမ်ကို ရောက်လာခဲ့ပါတယ် ထင်ထားတာထက် မြန်မြန်ရောက်လာလို့ လန့်သွားခဲ့ပါတယ်
그런데 색깔이 인터넷에서 본 것보다 더 어두웠습니다.
ဒါပေမယ့် အရောင်က အင်တာနက်မှာတွေ့ခဲ့တာထက် ပို ရင့်ပါတယ်
다른 책상으로 바꿀까 했지만 인터넷으로 산 것은 바꾸기가 복잡할 것 같아서 그만두었습니다.
တခြား စာရေးခုံနဲ့ လဲမလားလုပ်ခဲ့ပေမယ့် အင်တာနက်ကဝယ်ခဲ့တဲ့ အရာတွေကတော့ လဲရတာ ရှုပ်ထွေးမယ်ထင်လို့ ဒီတိုင်းထားလိုက်ပါတယ်
이제부터 저는 이 책상에서 열심히 공부하겠습니다.
အခုကစပြီး ကျွန်တော်ကတော့ ဒီစာရေးခုံမှာ ကြိုးကြိုးစားစား စာလုပ်တော့မှာဖြစ်ပါတယ်
source - 연세 한국어 읽기 (2)
ချစ်ခြင်းများစွာဖြင့်
Eillna
YOU ARE READING
한국어 읽기 연습
Non-Fictionမင်္ဂလာပါရှင့် ကိုရီးယားစာလေ့လာရင်းနဲ့ ကိုယ်တိုင်လေ့လာဖြစ်တာလေးတွေကို ပြန်လည်မျှဝေတာဖြစ်ပါတယ်ရှင့် အခုထိ လေ့လာဆဲဖြစ်တာမို့ အမှားတစ်ခုခုရှိရင် လာပြောပေးနိုင်ပါတယ် All fact from Google
