ညအိပ်ဝတ်စုံအစိမ်းရောင်သည် မြင်နေကျ ကြိုးကြာဖြူတစ်ကောင်အစား Ma'am ကို ဒေါင်းတစ်ကောင်နှယ် တင့်တယ်နေစေသည်။ ပါးလွှလွှ ထိုဝတ်စုံ၏အောက်မှ အောက်ခံအင်္ကျီ အနက်ရောင်ကိုပါ Seulgi မြင်နေရသည်။ Seulgi သာမရှိလျှင် ထိုအနက်ရောင်ကို မဝတ်လောက်ဘူးဟု တွေးမိသည့်အခါ ကော်ဖီခွက်ကို ကိုင်ထားသည့်လက်တို့ ချက်ချင်းပူတက်လာသည်။ စားပွဲပေါ်သို့အမြန်တင်လိုက်ပြီး နားရွက်ဖျားကို တစ််ချက်ကိုင်လိုက်မိသည်။ ဒါဟာ မေမေလုပ်နေကျအမူအရာကို မြင်ဖူးပြီး Seulgi ပါ အကျင့်ပါနေခြင်းပင်။

"ပြေတာပေါ့ Ma'am အဆင်သင့်ပဲ။ စားတော့မလား?"

Seulgi မေးတော့ သူကခေါင်းတစ်ချက်ငြိမ့်ပြပြီး စားပွဲမှာ နေရာဝင်ယူတယ်။ ထမင်းပန်းကန်လုံးနှင့် ဇွန်းတစ်ချောင်းကိုအရင်ချပေးလိုက်ပြီး ဟင်းပွဲနှစ်ပွဲကို ထပ်ချပေးလိုက်သည်။ ပြီးနောက်တော့ ရေခဲသေတ္တာထဲမှ (Seulgi တို့ ပြန်ရောက်မှ ဖွင့်လိုက်သည်မို့ သိပ်မအေးသေးသည့်) ရေကရားကို ထုတ်ယူပြီး ကိုင်းဖန်ခွက်ငယ်ထဲ ရေငှဲ့ပေးလိုက်သည်။

"သုံးဆောင်လို့ရပါပြီ"

Seulgi သူ့ကိုပြောတော့ သူက Seulgi ကို မော့ကြည့်လာတယ်။

"ရှင်ကရော?"

ပထမတစ်ခါတွင် သူ့ကိုယ်သူသုံးသည့်နာမ်စားအားပြောင်းလဲပြီးသည့်နောက် ယခုအခါတွင် Seulgi ကို ခေါ်သည့် နာမ်စားပြောင်းသွားသည့်အခါ Seulgi သူနှင့်သိပ်ရင်းနှီးနေပြီဟု ထင်မှတ်မိသွားသည်။

"ကျွန်မက Wendy တို့နဲ့ပဲစားလိုက်မယ်"

"အတူနေကြတာလား"

သူ့မေးခွန်းကို ခေါင်းငြိမ့်ရုံသာအဖြေပေးပြီး သူ့အရှေ့တည့်တည့်မှာဝင်ထိုင်၍ ဟင်းများ သေချာထည့်ပေးလိုက်သည်။ ပန်းကန်နှင့် ဇွန်းတို့ ထိတွေ့သည့်အသံကိုတောင် တိုးနိုင်သမျှတိုးအောင်ထိ Ma'am က တိုးတိုးတိတ်တိတ်စားနေသည်။ ရေအစား ကော်ဖီကို ထမင်းစားရင်း သောက်သည်ကိုမြင်သည့်အခါ အနည်းငယ်အံ့ဩသွားရပြန်သည်။

"တစ်ယောက်တည်းနေတာလားဟင်"

ထမင်းကုန်သည့်အခါ ကော်ဖီလဲကုန်ပြီဖြစ်သည်။ Ma'am က ရေခွက်ထဲကရေကို တစ်ငုံမော့သောက်ပြီးသည့်အခါ Seulgi သိလိုသည်ကိုမေးလိုက်မိသည်။

Cactus Where stories live. Discover now