မတည့်အတူနေ - ၁၀

Start from the beginning
                                    

"အဟမ်း....ဟို...ဟို...Mi...Miyanae..."

ပြောပြီးတာနဲ့ Jungkook အခန်းပြင်
ပြေးထွက်သွားသည်။
ပထမဆုံး တောင်းပန်စကားပြောရတာ ရှက်ဖို့ကောင်းလိုက်တာ...

Seokjin နဲ့မတွေ့ခင် Jieun ပြောခဲ့တဲ့စကားတွေကို သူကြားယောင်လာသည်။

.
.

Flashback Start .....

"Jungkook Oppa...."

Jungkook ရိုးရိုးလူနာတစ်ယောက်ကို ကုသနေတုန်း သူ့နာမည်ခေါ်သံကြားတာမို့ နောက်လှည့်ကြည့်
လိုက်တော့ Jieun ဖြစ်နေသည်။

"အွန်း....Jieun ah....wae ?? "

"စကားခဏလောက်ပြောလို့ရမလားဟင်...."

Jieun ပုံစံဟာ တစ်ခုခုကိုပြောပြချင်သလိုပင်...

"အင်း....ဒီလူနာပြီးရင် ပြီးပြီ....ခဏလေးစောင့်နော်"

"Nae...."

Jungkook ပြောလိုက်တော့ လူနာစောင့်တွေထိုင်တဲ့ ခုံလေးတွေမှာ Jieun သွားထိုင်နေလိုက်သည်။
သူလဲ ဘေးကသူနာပြုကို လူနာအတွက် မှာစရာရှိတာတွေမှာပြီး နားကြပ်ကို Duty coat အိတ်ကပ်လေးထဲ ထည့်ပြီးထွက်လာရင်း....

"ကဲ.....ဘာပြောမလို့လဲ...ပြော"

"သမီးလေညှင်းခံထွက်ချင်တယ်....အပြင်ကပန်းခြံလေးထဲ သွားလို့ရမလား...."

Jieun ဘေးနားထိုင်ရင်း ပြောလိုက်တော့ သူ့ကိုလှည့်
ကြည့်ပြီး မေးလာတာကြောင့် သူလဲခေါင်းငြိမ့်ရင်း ဖြေလိုက်သည်။

"ရတာပေါ့....Oppa လိုက်ပို့မယ်"

နှစ်ယောက်သား အတူတူလမ်းလျှောက်ရင်း ဆေးရုံရှေ့ ပန်းခြံလေးထဲက ခုံလေးတစ်ခုံမှာ ထိုင်လိုက်ကြသည်။

"မနေ့က ကိစ္စကိုပြောပြချင်လို့ပါ......မနေ့က Arjushi နဲ့ လမ်းလျှောက်နေတုန်း အဲ့ဒေါက်တာမနဲ့ ဝင်တိုက်တော့ သူကိုင်ထားတဲ့ကော်ဖီပူပူတွေက သမီးပေါ်ကျလာတယ်...
အဲ့ဒါကို Arjushi က ပြန်တောင်းပန်ခိုင်းပေမယ့် မတောင်းပန်နိုင်ဘူးတဲ့လေ...ပြီးတော့ Arjushi ကိုလဲ
ပြောတယ်...အဆင့်မရှိတဲ့ ဆရာဝန်တဲ့.....အစထဲက Arjushi က ဘာတွေဒေါသထွက်ထားလဲမသိပေမယ့် အဲ့ကိစ္စဖြစ်တော့ ပိုဆိုးသွားတယ်....အဲ့မှာ Jungkook Oppa က သူ့ဘက်မပါဘဲ ဟိုဒေါက်တာမဘက်က ဝင်ပြောတော့ သူလဲတင်းပြီး Oppa ကိုပြောလိုက်တာ.."

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now