"Irene?"

ဘာကိစ္စ​ကြောင့်မှန်းမသိ
ပြန်ပါလာတဲ့ နာမည်တစ်​ခု​ကြောင့် ​ကြောင်အမ်းစွာနဲ့
Uncle ကို​မော့ကြည့်လိုက်​တော့...

"သူ Bangkok ကို​ရောက်ပြီး ​နောက်တစ်​နေ့
မနက်​စော​စော​လောက်​မှာ အိမ်က ကားနဲ့ ​တစ်​နေရာကို
ထွက်သွားခဲ့တယ်

သူမှ ဒီက လမ်း​တွေကို သိပ်မကျွမ်းကျင်တာ
အဲ့ဒါနဲ့ လမ်းမတန်းကြီးမှာ အပြန်လမ်းပြင်ထားတာကို
မသိလိုက်ဘဲ ​ဆက်​မောင်းရင်းနဲ့ ကားဘီး​ချော်ပြီး​တော့
ယာဉ်တိုက်မှုဖြစ်ခဲ့တယ်
Uncle တို့လည်း မနက်​ရောက်မှသိရတာ
သူထွက်သွားတဲ့အချိန်က အရမ်း​​စောလွန်း​တော့
ဘယ်လမ်းသွား လမ်းလာ မှ ​ကောင်း​ကောင်းမရှိ​နေဘူး
မနက်​​နေထွက်​​ချိန်လောက်​တော့မှ လမ်းထဲက
Taxi​မောင်းတဲ့​ကောင်​လေးတစ်​​ယောက်မြင်လို့
လာ​အ​ကြောင်းကြား​ပေးတာ

နောက်ပြီး...

"​နောက်ပြီး ဘာဆက်ဖြစ်လဲ Uncle?"

"​ဆေးရုံအချိန်မီတင်လိုက်နိုင်​ပေမယ့်
Lisa ​လေးက Amnesiaရသွားပြီး တစ်ချို့​သော
မှတ်ဥာဏ်​တွေကို လုံးဝသတိမရ​တော့ဘူး
ဆရာဝန်​ပြောတာက​တော့
သူ့ရင်ထဲ ပြင်းပြင်းထန်ထန်နာကျင်ဖူးခဲ့တဲ့အချိန်ကို
စိတ်ထဲမှာစွဲ​နေပြီး​တော့ အဲ့​နောက်ပိုင်း​တွေကို
သတိမရ​တော့တာတဲ့

သူသတိရ ရချင်း ' babyကို​ခေါ်​ပေး' ဆိုပြီး
တစ်ချိန်လုံး အရူးတစ်​ယောက်လို​သောင်းကျမ်း​နေခဲ့တာ
ဒါပေမယ့် ငါတို့က ဘာလို့လုပ်​ပေးရမှာလဲ?
ငါတို့သမီးကို ခုလိုမျိုးစိတ်ဒုက္ခ​ရောက်​အောင်လုပ်တဲ့သူကို​လေ

မထိန်းနိုင်တဲ့အဆုံး သူမမှတ်မိနိုင်တဲ့​နေရာမှာ
ပုဂ္ဂိုလ်​ရေးဆရာဝန်နဲ့တိုင်ပင်ပြီး ဒီမှာထား ထားတာ"

"​တောင်းပန်ပါတယ်"

နာကျည်းစွာနဲ့ သမီးဖြစ်သူ darlingကိုကြည့်ပြီး
မာ​ကျောတဲ့ ယောက်ျားဒဏ်မဲ့ မျက်ရည်​တွေဝဲပြီး ​​ပြောလာတဲ့
Uncle ကို Jennie ​တောင်းပန်စကားသာဆိုမိတယ်

"Jennie ​တောင်းပန်ပါတယ် uncle!"

"​တောင်းပန်စရာ မလိုဘူး
ငါ့သမီးက မင်းကိုအရမ်း​တွေ့ချင်​နေခဲ့တာ
အ​ဖေတစ်​ယောက်အ​နေနဲ့ ငါ့သမီးအတွက်
မင်းကိုခွင့်မလွှတ်နိုင်​ပေမယ့် ငါဘာတတ်နိုင်မှာလဲ?

So far away(Completed)Where stories live. Discover now