မပြောလိုက်ရရင် နောင်တရလိမ့်မည်ဟု ထင်ခဲ့သည်။ တကယ်တမ်းကျတော့ ပြောလိုက်မိသည့်အတွက်လည်း အလင်းဝေတစ်ယောက် နောင်တရနေခဲ့ပါသည်။

သေလိုက်ပါတော့...။ ငါ့ရဲ့နှလုံးသားက
ဒီမှာတင် အဆုံးသတ်ပြီ ထင်ပါတယ်။

ခေါင်းကို စပ်ဖျဉ်းဖျဉ်းဖြစ်လာသည်အထိ ကုတ်ခြစ်နေမိသည်။

"ဒါနဲ့ ငွေရှိုင်းက ဘာလို့ ဘာမှမပြောတာလဲ...
ငါ့ကို ဆွဲထိုးလိုက်လို့လည်းရတာပဲ...

အာ....ငါက သူဘာမှမလုပ်နိုင်ခင် ပြေးထွက်လာမိတာကိုး
သူပြောတာကို နားထောင်ခဲ့ရမှာ...အခုတော့ ရည်းစားစကား ပြောနိုင်ခဲ့ပေမယ့် အဖြေမတောင်းခဲ့လို့ ဘူနေရပြီ...

ဟား...ဟား...အဖြေတဲ့...အဖြေကို မျှော်လင့်နေသေးတယ်ပေါ့...အလင်းဝေ...မင်းက
သောက်ရူးကောင်ပဲ...မင်းလောက်ရူးနေတဲ့ကောင် ဒီကမ္ဘာပေါ်မှာ ရှိတော့မှာမဟုတ်ဘူး....

အဖြေရခဲ့ရင်တောင် အဲ့အဖြေက လက်သီးပဲဖြစ်လိမ့်မယ်...
ဒါပေမယ့် အထိုးခံရမယ်ဆိုရင်တောင် သူ့ကိုမေးခဲ့သင့်တယ်လေ...

မဟုတ်ဘူး မမေးတာပဲကောင်းတယ်...သူ့ရဲ့စကားတွေက အဆိပ်တွေဖြစ်နေခဲ့ရင် ငါ့နှလုံးသားလေး ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး.."

Tom&Jerry ထဲကလို ကျွန်တော့ရဲ့ပခုံးပေါ်မှာ
angelနဲ့ demon ရှိနေသလို ခံစားရသည်။ မင်းလုပ်ခဲ့တာ ကောင်းတယ်ဆိုပြီး မြှောက်ပေးနေတဲ့ demonနဲ့ မင်းအချိန်တစ်ခုတော့ ယူခဲ့ရမှာဆိုပြီး အပြစ်တင်နေတဲ့ angel။ ကျွန်တော်ကတော့ လွန်ဆွဲနေတဲ့စိတ်နှစ်ခုကြားမှာ ကုန်လွန်ခဲ့သော အချိန်တွေကိုသာ နောက်ပြန်ရစ်ချင်နေသည်။

အင်း....မပြောခဲ့မိရင် သိပ်ကိုကောင်းမှာပဲ....။

အဲ့ဒီအချိန်တုန်းက ဘာလို့
ငါ့ရှေ့မှာ ပေါ်မလာခဲ့တာလဲ..အိန်ဂျယ်။

>>>>>>>>>>>>>>>>

ညခုနှစ်နာရီ...။

ငွေ့ရည်မိုးစံအိမ်ရှိ ကျောက်စားပွဲရှည်ကြီးတွင် ဖြစ်သည်။ ဦးမင်းခေါင်ဦးက ဇွန်းနဲ့ဖဲ့ထားသော အသားတစ်ဖဲ့ကို ပါးစပ်ထဲသို့ထည့်ရင်း မှိုင်းခေါင်နှင့် ငွေရှိုင်းကိုမေးလိုက်သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now