ဇာတ်သိမ်းပိုင်း

2.4K 143 6
                                    

(Unicode)

တရွေ့ရွေ့နဲ့မောင်းနှင်တဲ့ ကားလေးသည် သူတို့၏အပန်းဖြေစံအိမ်သို့ရောက်ရှိလာခဲ့သည်။

တစ်ခြံလုံးတိတ်ဆိတ်နေပြီး လူရိပ်တောင်မတွေ့ရတဲ့အထိကိုခြောက်ကပ်လွန်းနေသည်.. ကလေးကရော
ခုလိုမျိုးတိတ်ဆိတ်တဲ့ခြံကြီးထဲမှာ တစ်ယောက်တည်း တိတ်တိတ်လေးများငိုနေမလား...တစ်ယောက်တည်းအထီးကျန်ပြီး သူ့ကိုစိတ်နာနေမလား...

"ကလေး"

ပြတင်းပေါက်နားမှာ တွေတွေလေးငေးနေတဲ့ကလေးငယ်သည် မတွေ့ရတဲ့၄ရက်အတွင်းမှာ အနည်းငယ်ပိန်သွားတယ်လို့ထင်ရသည်

"ဦး~ ကျွန်တော့်ကိုဘယ်လိုရှာတွေ့တာလဲ"

"ကလေးဘယ်သွားသွား ကိုယ့်နှလုံးသားကအမြဲခြေရာခံလို့ရတယ်လေ"

ကလေးငယ်သည် ပြုံးယောင်သန်းသွားပေမဲ့ ချက်ချင်းပင်မျက်နှာကိုတည်လိုက်တာ သူ့ကိုကျောခိုင်းပြီး စကားမပြောလာတော့...

"ကိုယ်တောင်းပန်ပါတယ် ကလေးရယ် ကိုယ့်အမှားတွေလုပ်မိခဲ့ပါတယ်"

ကလေးငယ်ရဲ့နောက်ကျောကိုပြေပြေလေးပွေ့ဖက်ပြီး ပုခုံးထက်ခေါင်းစိုက်ကာ တောင်းပန်နေမိသည်။

သူရဲ့အတွေးလွန်မှုတွေကြောင့် ကလေးကခုလို သူနဲ့ဝေးရာကိုထွက်သွားခဲ့တာ ကလေးငယ်က သူကြောင့်စိတ်နာကျင်နေရတာ တောင်းပန်ပါတယ် ကလေးရယ် ကိုယ်တကယ်တောင်းပန်ပါတယ်။

"ဦး ကျွန်တော့်ကို ချစ်ခဲ့ဖူးလား"

"တစ်မိနစ်လေးတောင်မှ အချစ်မလျော့ခဲ့ပါဘူး ကလေးရယ်"

ကလေးငယ်အခုလိုစကားတွေပြောရင် စိတ်ကောက်တဲ့တစ်ချိန်သာပြောတတ်တာ စိတ်ဆိုးပြေသွားရင်အခုလိုမျိုးပြောဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေ...

"ဒါပေမဲ့ ဦးက ကျွန်တော့်ကိုမယုံကြည်ခဲ့ဘူး"

ဟင့်အင်း!!!ယုံကြည်တာပေါ့ ယုံကြည်လွန်းခဲ့တာပေါ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် ကလေးစိတ်ညစ်သွားမှာ ကလေးမပျော်ရွှင်ရမှာဆိုးလို့ ကိုယ်တစ်ယောက်တည်းဆုံးဖြတ်ခဲ့မိတာပါ ကလေးငယ်ရယ်....

ကျွန်တော်ရဲ့"ဦး" (Completed)Opowieści tętniące życiem. Odkryj je teraz