အပိုင်း ၁၃

Start from the beginning
                                    

"ဒါဆို ခြောက်လတိတိ မင်းဘက်က ဘာမှမလုပ်ဘဲ စောင့်ရမယ်၊ ခြောက်လကြာတဲ့အထိ ဖြူ့ကို မင်း မမေ့နိုင်သေးဘူးဆိုတာ သေချာမှ မင်း လိုက်ချင်လိုက်၊ ငါ မတားဘူး"

"ခြောက်လတောင်လားကွာ"

မတ်နေသောခါးသည် ကိုင်းကိုင်းကြီးဖြစ်ကာ လူသေလောင်းလို လက်တွဲလောင်းကျနေသည့် မိုးညီ။ ဆောင်းကို ရယ်လိုက်သည်။

"အေး..ခြောက်လ၊ ရိသဲ့သဲ့ မပြောရဘူး၊ သွားမနှောင့်ယှက်ရဘူး၊ ကြားလား"

"သုံးလ မရဘူးလား"

ဆောင်းကို ခေါင်းခါတော့ မိုးညီ ငိုမဲ့မဲ့မျက်နှာလုပ်နေသေးသည်။ အစ်ကိုဖြစ်သူက အလျှော့ပေးမည့်ပုံ မရှိတော့မှ မတတ်သာဘဲ သဘောတူလိုက်ရသည်။

"ခြောက်လကြာပြီးလို့ မမေ့သေးရင် ငါ မမဖြူကို လိုက်မယ်နော်"

ဆက်ပြီး စကားမရှည်ချင်တော့၍ "အေးပါ၊ သွားတော့" ဆိုကာ မောင်းထုတ်လိုက်ရသည်။ မိုးညီညီသည် အခန်းထဲမှ လှည့်ထွက်ရင်း "မေမေရေ.. လိမ္မော်ရေခဲချောင်းတွေ ကုန်တော့မယ်" ဟု နောက်ဖေးရှိ မိခင်ကို လှမ်းအော်သည်။

ဆောင်းကို စာအုပ်ဆက်မရှာတော့ဘဲ မီးဖိုခန်းရှိရာ လျှောက်လာသည်။ မေမေသည် လိမ္မော်သီးများကို တစ်ခြမ်းလှီးနေရာမှ မော့ကြည့်သည်။

"ဘာလိုသေးလဲ သားကြီး၊ အားလုံးအဆင်သင့်ပဲလား"

"သွားတိုက်ဆေး လိုနေတာ မေမေ၊ အခုပဲ ညီလာပေးသွားပြီ"

"အနွေးထည်ရော ပါရဲ့လား၊ နှစ်ထည်လောက်ထည့်သွားဦး သားရဲ့"

"တစ်ထည်နဲ့ ရပါတယ် မေမေရာ၊ မနက်ပိုင်းလောက်ပဲ အေးမှာ၊ ပေး.. ကျွန်တော် လုပ်ပေးမယ်"

လက်ဆေးစင်မှာ လက်ဆေးပြီး မေမေ့ လက်ထဲမှ လိမ္မော်သီးခြမ်းကို လှမ်းယူကာ အသီးညှစ်ခွက်ပေါ် မှောက်ပြီး လှည့်ညှစ်သည်။ မေမေ၏ လိမ္မော်ရေခဲချောင်းသည် တစ်ရပ်ကွက်လုံးတွင် နာမည်ကြီးသည်။ ဘာဆိုးဆေးမှ မရောဘဲ အရည်ရွှမ်းသော လိမ္မော်သီးများနှင့်သာ အိမ်တွင် ကိုယ်တိုင်ကိုယ်ကျလုပ်သည်။ ရေနှင့် သကြားအနည်းငယ် ရောသော်လည်း လိမ္မော်ရည်စစ်စစ်။ အခြားစက်ရုံဖြစ် ရေခဲချောင်းများထက် ဈေးအနည်းငယ်ပိုသော်လည်း ရပ်ကွက်ထဲမှလူအားလုံး အမေ့ရေခဲချောင်းကိုသာ အားပေးကြသည်။ နေ့တိုင်းလိုလို လိမ္မော်ရည်ညှစ်ရသည်။ ရေနှင့်သကြားကြိုကာ ရောပြီး ပုံစံခွက်များတွင်ထည့်ကာ အအေးခံရသည်။ ရောင်းမကုန်သည့်နေ့မရှိ။

တောင်တောရယ်သာWhere stories live. Discover now