အပိုင်း ၈

9.6K 1.8K 334
                                    

တိမ်စိုင်မည်းများသည် ကန်ရေပြင်ထိ ရေဆင်းသောက်သည်လား ထင်ရသည်။ ညနေစောင်းချိန်ထိ မိုးကစွေနေသည်။ ခဏတဖြုတ်သာတိတ်ပြီး တစ်နေ့လုံး ရွာခဲ့သောကြောင့် အိမ်ပတ်၀န်းကျင်တွင် ရေတွေအိုင်နေကာ မြောင်းတွေကို မမြင်ရတော့။ ရေပတ်လည်၀ိုင်းထားသည့် အိမ်လေးများသည် မိုးရေထဲမှာ ငုတ်တုတ်လေးတွေ။

လမ်းသွယ်လေးအတိုင်း မိုးရေထဲမှာ ဆောင်းကို လျှောက်လာခဲ့သည်။ ဖုန်းမြည်လာသောကြောင့် ထီးကိုင်းကို ပခုံးနှင့်ခေါင်းစောင်းညှပ်ပြီး ဖြေသည်။

"မင်း ငါ့ကို ပိုက်ဆံမလွှဲပေးသေးဘူး"

ဖုန်းထဲမှမိုးညီညီ၏ အသံကို မိုးသံကြောင့် ကောင်းစွာ မကြားရ။

"အကြွေးတောင်းတာလား ညီရာ"

"အကြွေးပဲပေါ့၊ မင်းပဲ ပေးမယ် ပြောထားတာ"

"ဘာလဲ၊ မင်းရဲ့ကန်စွန်းခင်းအင်တာပရိုက်စ်က အမြတ်မရသေးဘူးလား"

သူတို့ညီအစ်ကိုနှစ်ယောက်သာ နားလည်နိုင်မည့်မေးခွန်းမျိုးဖြစ်သည်။ မိုးညီညီ၏ ဟက်ဟက်ပက်ပက် ရယ်သံကို ကြားလိုက်ရသည်။

"မေမေရော"

"မရှိဘူးဗျ၊ စာသွားသင်တယ်၊ လွှဲလိုက်နော် ကိုကို၊ ဒီည လွှဲပေး"

အေးပါကွာဟု နောက်တစ်ကြိမ် အာမခံမှ ဖုန်းချသွားခဲ့သည်။ ဒီလ အလုပ်တွေများပြီး ပိုက်ဆံလွှဲဖို့ နောက်ကျသွားသည်ကို ဖုန်းဆက်ပြီး ဆူနေခြင်းပင်။ ညီငယ်နှင့်အမေ့ကို သတိရသည်။ အိမ်မပြန်ခဲ့သည်မှာ ကြာခဲ့ပြီ။

ဆောင်းကို၏ ခြေလှမ်းတို့ တုံ့ခနဲရပ်သွားသည်။ သစ်ပင်အောက်တွင် ပြုတ်ကျနေသော အသိုက်ငယ်တစ်ခု။ ပြိုပျက်နေသော အသိုက်ထဲတွင် ငှက်ငယ်လေးတစ်ကောင်သည် မိုးရေများ ရွှဲရွှဲစိုနေသည်။ မည်သို့ကိုင်တွယ်ရမည်ကို သိနေပြီဖြစ်သောကြောင့် အခက်အခဲမရှိပါ။ ရုန်းကန်ခြင်းမရှိသည့် ငှက်ကလေးသည် လက်ဖ၀ါးထဲတွင် တုန်နေသည်။ စိုရွှဲနေသော အမွှေးများကြောင့် စုတ်ချွန်းချွန်းလေး ဖြစ်နေသည်။ မျက်တောင်များ မကြာမကြာ ပိတ်ကာ မျက်လုံးပင် မဖွင့်နိုင်။

တောင်တောရယ်သာWhere stories live. Discover now