အပိုင်း ၁၃

Start from the beginning
                                    

"ဖြူနဲ့မင်းက အသက်ကွာတယ်"

"ငါတို့နှစ်ယောက်ယှဉ်ရင် မမဖြူက ငါ့ပဲရွေးမှာ"

မိုးညီ၏မာကျွတ်ကျွတ်ပုံစံကို မြင်ရတော့ ပြုံးချင်မိသည်။ ခက်သည်က မိုးညီကိုမြင်လျှင် ငယ်စဉ်က နှပ်တွဲလောင်းကလေးဟုသာ ဆောင်းကို ထင်သည်။ သူ့အတွက် ညီသည် ဘယ်တော့မှ ကြီးပြင်းမည်မဟုတ်။

"တကယ်ပြောတာ၊ မမဖြူက ငါ့ကိုပဲရွေးမှာ"

"သေချာလား"

"မင်းကို ဆယ်တန်းကျောင်းသားရုပ်လို့ ပြောသွားတာလေ၊ မိန်းကလေးဆိုတာ အားကိုးချင်ကြတာ"

"ဖြူက ဘယ်သူ့ကိုမှ အားကိုးမယ့် မိန်းကလေးမဟုတ်ဘူး"

အရှိုက်ထိသွားသလို မျက်နှာကြီး ရှုံ့မဲ့သွားသော မိုးညီ။

"ငါ တကယ်ပြောနေတာ၊ မင်း ဖြူ့ကို မနှောင့်ယှက်နဲ့"

"ငါ တကယ်ကြိုက်တာ ကိုကိုရ"

စိတ်ပျက်သလို ဆောင်းကို ကျစ်ခနဲ ရေရွတ်သည်။ မိုးညီအကြောင်းကို သူ ကောင်းကောင်းသိသည်။ ရင်ခုန်မြန်သလို စွဲလမ်းလိုက်လျှင်လည်း အရူးအမူး။ သို့သော် သုံး လေးလကြာလျှင် မေ့သွားပြီး နောက်တစ်ယောက်ကို အသည်းအသန် ဖြစ်နေတတ်ပြန်သည်။

ခင်မင်ရသော သူငယ်ချင်းမလေး ဖြူ့ကိုတော့ စိတ်မညစ်စေချင်။ ဖြူသည် မြင်းရိုင်းတစ်ကောင်နှင့်တူသည်။ လွတ်လပ်ပျော်ရွှင်စွာ ဘ၀ကိုဖြတ်သန်းချင်သူလေးတစ်ယောက်။ ထို့အပြင် ယောက်ျားများကို စိတ်နာရင်းရှိနေသူ။ ညီ့ကြောင့် ပိုပြီးအထင်လွဲသွားတာမျိုး မဖြစ်စေချင်မိ။

"မင်း မမဖြူကို သဘောကျနေတာလား ကိုကို"

"ဟာ.. အဲ့လို မဟုတ်ဘူး၊ ဖြူနဲ့ငါနဲ့က အရမ်းခင်နေပြီ၊ မင်းအကြောင်း ငါသိလို့ တားနေတာ ညီ၊ မင်းက အချိန်ကြာသွားရင် မေ့သွားမှာ၊ ငါ့သူငယ်ချင်းကိုတော့ လာမလုပ်နဲ့"

"မမေ့ဘူးဆိုရင်ရော"

"မင်း ကတိပေးနိုင်လို့လား"

"အေး"

ခါးကိုမတ်ကာ ခေါင်းမော့ကတိပေးနေသော ညီဖြစ်သူကို တစ်ချက်လှမ်းကြည့်ရင်း ဆောင်းကို ခေါင်းညိတ်သည်။

တောင်တောရယ်သာWhere stories live. Discover now