Part 26(Unicode)

Börja om från början
                                    

"အလင်းဝေက ခင်ဖို့ကောင်းပါတယ် ကိုကိုရ...အခု ကိုကိုတောင်မှ သူနဲ့ တဖြည်းဖြည်းချင်း အဆင်ပြေလာတာပဲ မဟုတ်လား..."

ငွေရှိုင်းသည် မပြောရဲ၊ပြောရဲနှင့် ပြောမိပြီးမှ သူ့ရဲ့စကားကြောင့် မှိုင်းခေါင်စိတ်ကွက်သွားမည်ကိုလည်း စိုးရိမ်နေသည်။ သို့်သော် အချိန်တော်တော် ကြာသည်အထိ စောင့်နေခဲ့သော်လည်း ဘာစကားသံမှ မကြားခဲ့ရပေ။

"ကိုကို...."

ငွေရှိုင်းသည် တိုးညှင်းသည်ထက် ပို၍တိုးညှင်းသောအသံဖြင့် ခေါ်ကြည့်ရင်း ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းလှည့်ကာ မှိုင်းခေါင်ဝေဦးကို ငုံ့ကြည့်လိုက်သည်။

ကိုကိုသည် သရုပ်ဆောင်လည်း သိပ်ကောင်းသည်။ ငွေရှိုင်းစကားကို ပြန်ဖြေမည့်အစား သူ့ခန္ဓာကိုယ်ထက် သေးငယ်သော ခုံလေးပေါ်တွင် သက်တောင့်သက်သာ ဖြစ်ဟန်မျိုးသာ ဆောင်ပစ်လိုက်သည်။ ကိုကို့မျက်နှာကို အချိန်အကြာကြီး ငေးကြည့်နေမိသော်လည်း ဘာမှထူးခြားမလာပေ။ နောက်ဆုံးတွင် ငွေရှိုင်း၏ မျက်လုံးတွေလည်း အမှောင်ထုထဲတွင် တဖြည်းဖြည်း နစ်မြုပ်သွားပါတော့သည်။

.
.
.
ဆယ်တန်းသို့ရောက်လာမှ ကိုကိုနဲ့ အတူရှိနေရချိန်တွေ ပိုများလာသည်။ Green leafမှာလည်းအတူတူ၊ လူငယ့်ပန်းတိုင်မှာလည်းအတူတူ၊ ပြီးတော့ အိမ်မှာပါ စာအတူတူလုပ်ဖြစ်နေသည်။

အစပိုင်းတွင်တော့ တစ်ချိန်လုံး အတူရှိနေရခြင်းကို သဘောမတွေ့သော်လည်း အချိန်ပိုကြာညောင်းလာသည် နှင့်အမျှ ကိုကိုနှင့်အတူရှိနေရခြင်းမှာ ငွွေရှိုင်းအတွက် သဘောကျစရာဖြစ်လာသည်။

ငွေရှိုင်းနားမလည်သော physicပုစ္ဆာများကို ကိုကိုက နားလည်သဘောပေါက်လွယ်အောင် ရှင်းပြလေ့ရှိသည်။ အဲ့လိုအချိန်တိုင်း ငွေရှိုင်းတစ်ယောက် ထူးထူးခြားခြား ပျော်နေလေ့ရှိသည်။

ကိုကိုနဲ့သူဟာ သွေးမတော်၊သားမစပ်ဘူးဆိုတဲ့
အတွေးမျိုးတောင် မတွေးမိခဲ့တာ ကြာပြီလေ။

ငွေရှိုင်းသည် မှိုင်းခေါင်ကို အစ်ကိုကြီးတစ်ယောက်အဖြစ် ပို၍ချစ်ခင်လာချိန်တွင် မှိုင်းခေါင်သည်လည်း ငွေရှိုင်းကို ပို၍နင့်နဲစွာ ချစ်လာမိသည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Där berättelser lever. Upptäck nu