အပိုင်း ၁၆

Start from the beginning
                                    

ရွှေရောင်အလင်းစက်များသည် မှိတ်တုတ်မှိတ်တုတ်နှင့် ရွှေ့လျားပျောက်ကွယ်သွားပြီဖြစ်သည်။ မိန်းမလှကျွန်းဒီရေတောကြီးတွင် တောကြောင်၊ သစ်ကြောင်များသာမက ရေ၀ပ်ဒေသများ ပျက်စီးမှုကြောင့် မျိုးပြုန်းမှုအန္တရာယ်နှင့် ကြုံတွေ့နေရသည့် သတ္တ၀ါစာရင်းတွင် ပါ၀င်သော ကြောင်တံငါများလည်း ကျက်စားနေထိုင်ကြသည်။

ရုတ်တရက် လက်နှိပ်ဓါတ်မီးပြသူကောင်လေးသည် စက်လှေသမားကို အချက်ပေးသည်။ စက်ရပ်သံနှင့်အတူ ဒီရေတောကြီးသည် တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားသည်။ သို့သော် လှေငယ်သည် လှိုင်းလုံးများပေါ် တငြိမ့်ငြိမ့် လှုပ်ခါဆဲ။ ပိုးကောင်ငယ်များ၏ အော်မြည်ကြွေးကြော်သံသည် တစ်ဖန်ပြန်လည် သက်၀င်လာခဲ့ပြီ။

ဓါတ်မီးရောင်အောက်တွင် အလင်းပြန်သော မျက်လုံးနီနီနှစ်လုံးကို ရေပြင်တွင် ဦးစွာမြင်ရသည်။ အနားတိုးသွားချိန် မြင်ရသည်က ရေပြင်တွင်ကူးခတ်နေသော တစ်ပေအရွယ်ခန့် မိ‌ကျောင်းငယ်လေး။

"ဒီကောင်လေးတွေ အကောင်ကြီးဖြစ်ဖို့ မလွယ်ဘူးဗျ၊ မိကျောင်းဥတွေ ဘယ်လောက်များများ တစ်ကောင်၊ နှစ်ကောင်အပြင် ပိုမရှင်ဘူး"

လွတ်လပ်စွာ ကူးခတ်နေသော မိကျောင်းငယ်လေးနောက် မလှမ်းမကမ်းမှ လိုက်ကြည့်ဖြစ်သည်။ အပြန်လမ်းခရီးသည် စိတ်လှုပ်ရှားမှုများဖြင့် ရင်ခုန်ရသည်။ အစာရှာနေသော မိကျောင်းလတ် ၂ ကောင်ကိုပါ ထပ်တွေ့ခဲ့ရသည်။ တွေ့ချင်ပါသည်ဆိုသော ဖြူရော သူပါ မိကျောင်းများနှင့် တကယ်တွေ့တော့ ကြောက်ကြသည်။ လှေပေါ်မှာ ပြား၀ပ်မတတ် နောက်ကပ်ကာနေသည်။

မိကျောင်းများသည် သဘာ၀အတိုင်း လွတ်လပ်စွာ နေထိုင်ကျက်စားနေသူတွေ။ လှေကြီးမှ တိုက်ခိုက်ပါသည်ပြောပြော၊ ရေထဲမကျဘူးဆိုဆို ထိုသတ္တ၀ါများကို လက်တစ်ကမ်းမှာ မြင်ရသည်မှာ အသည်းတုန် ရင်တုန်စရာကောင်းသည်။

"ဓါတ်ပုံတွေရလား ဒဲရစ်ခ်"

"ရတယ် ဖြူ"

"ပြဦးလေ"

ဖြူသည် ကင်မရာကို လှမ်းယူပြီး ပုံတွေကို ကြည့်သည်။

"ကင်မရာက ကောင်းလိုက်တာ ညဖက်ရိုက်တာတောင်.."

တောင်တောရယ်သာWhere stories live. Discover now