'ကျိုးရွမ်က ယွင်ဖန်ကို ပစ္စည်းပြန်မရတော့တာတောင် ခုချိန်ထိ လွှတ်ထားပေးတယ်လား'
'အဲ့တာက သူတို့ သဘောတူညီမှု ရသွားတာပါ .. ယွင်ဖန်က ပွေရှုပ်တဲ့ ကျိုးရွမ်ကို မကြိုက်တာကြောင့် Host ဓာတ်ပုံပြပြီး Host ဘက်ကို ပုတ်ထုတ်လိုက်ပါတယ်'
'အေး ကောင်းရော'

'ရှင်း .. မင်းဟာကြီးက တမျိုးကြီးနော် .. mission 4 အတွက် မိန်းမရှာရမလား ယောကျာ်းရှာရမလားကို မသိတော့ဘူး .. တမင်လုပ်တာတော့ မဟုတ်ဖူးမလား'

'ဇာတ်ကြောင်း အရပါ Host'
ရှင်း လှစ်ခနဲ ခိုးပြုံးသည်

ခန်းမထဲမှာ လူတွေ အတော် စုံနေလေပြီ . ယွင်ဖန်ရဲ့ ထင်ပေါ်တဲ့ ရုပ်ရည်ကြောင့် ပုရိသတော်တော်များများ သူမနဲ့ စကားပြောခွင့်ရဖို့ ကြိုးစားနေကြသည် .. သို့သော် လူချော နှစ်ယောက် တူတူ ဝင်လာသည်နှင့် အားလုံးရဲ့ အကြည့်တွေက ဟုန်လေ့နဲ့ ရန်ကျင့်ဆီကိုသာ ရောက်သွားကြသည် ...

ယွင်ဖန် ဒေါသထွက်နေပေမယ့် မျက်နှာကို အချိုဆုံး ပြုံးထားသည် .. ဒီအာရုံစိုက်မှုတွေ ဒီလိုအားကျတဲ့ မျက်ဝန်းတွေက သူမဆီကိုသာ ရောက်နေသင့်တာလေ . အဲ့ဒီ အမှိုက်ကောင်ကိုပဲ ဘာလို့အာရုံစိုက်နေကြတာလဲ ..

ဟုန်လေ့ကို တယောက်ပြီး တယောက် လာမိတ်ဆက်နေကြကြောင့် ရန်ကျင့် မကြည်တော့ .. လက်ဆွဲပြီး အတင်းသာ လူကြားထဲမှ ဆွဲထုတ်လာပြီး ထောင့်တနေရာကိုသာ ခေါ်သွားကာ ကွယ်နေစေသည် .. ဟုန်လေ့လည်း လူအများကြီးနဲ့ စကားပြောရတာ ပင်ပန်းတာကြောင့် တိုင်တတိုင်နှင့်သာ ကွယ်ပြီး ထိုင်နေလိုက်သည် .. "လေ့ ကိုယ် မုန့်သွားယူပေးမယ် ခဏစောင့်နော် .. CEOကျောက်လာတာနဲ့ စကားခဏပြောပြီးရင် ပြန်ကြမယ်"

"အွန်း .. နို့စတော်ဘယ်ရီဖျော်ရည်ဖြစ်ဖြစ်
စတော်ဘယ်ရီရေခဲမုန့်ဖြစ်ဖြစ် ထည့်ခဲ့ပေး"
"အိုခေ"

ရန်ကျင့်ထွက်သွားပြီး မကြာခင်မှာပဲ
"အကိုဟုန်လေ့" ယွင်ဖန် နူးနူးညံ့ညံ့လေး ခေါ်လိုက်သည်
ဟုန်လေ့ကတော့ သတိအနေအထား ဖြစ်သွားသည် ..

လက်ထဲက ဝိုင်ခွက်ကို ကမ်းပေးလိုက်ပြီး .. "အကို့ကို မေမေကလည်း တွေ့ချင်နေတယ် .. ညီမလည်း ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ချင်လို့ပါ"

The Stranger I love (System)Место, где живут истории. Откройте их для себя