"ကဲ...ကဲ...နောက်သားတစ်ယောက်နာမည်ကရော..."

"ငွေရှိုင်းပါ...ဆရာ..."

"တောက်ပနေတဲ့နာမည်နဲ့သားက..
မျက်နှာလည်းမလန်းပါလား...လူငယ်ဆိုတာ တက်တက်ကြွကြွနေရတယ်...ဆရာတို့လို အရွယ်ကျမှ အရမ်းတက်ကြွနေရင် မိန်းမက မျက်စောင်းထိုးတာ ခံရလိမ့်မယ်...မင်းတို့ဆရာမကိုပဲကြည့် ဆရာ့ကိုဆိုရင် မျက်စောင်းတကဲကဲနဲ့ပဲလေ..."

ငွေရှိုင်းသည် အူတူတူမျက်နှာဘေးနှင့် ဆရာဦးအောင်အောင်ကို ကြည့်နေသောကြောင့် အလင်းဝေက ဘေးသို့ကပ်ပြီး ခပ်တိုးတိုးရှင်းပြလေသည်။

"ဆရာနဲ့ဆရာမက လင်မယားတွေလေ...
အပေါ်မှာ မင်းတို့တွေ့ခဲ့ရတဲ့ ရွေဆွဲကြိုးကြီးနဲ့ဆရာမပေါ့...
ဆရာက အဲ့လိုပဲ.. ငါတို့ရှေ့မှာလည်း နောက်နောက်ပြောင်ပြောင်ပြောနေကျ....."

ဆရာဦးအောင်အောင်၏ ပုံစံကို တစ်စွန်းတစသိရပြီဖြစ်၍ ရက်ကြာလာလျှင်ပိုသိရလိမ့်မည်ဟု ငွေရှိုင်းယူဆလိုက်သည်။ စာသင်ချိန်မှာတော့ ဆရာရဲ့မျက်နှာက ပိုပြီးလေးနက် တည်ကြည်သွားကာ ကျောင်းသားများကလည်း ဆရာသင်သော ဘာသာရပ်ကို အထူးအာရုံစိုက်ရလေသည်။

စာသင်ချိန်တစ်နာရီခွဲတွင် ဆရာဦးအောင်အောင်က စာချည်းလှိမ့်သင်နေသည်မဟုတ်။ ကျောင်သားများ မငြီးငွေ့ရအောင် ဟာသ အတိုအစလေးတွေကိုလည်း ထည့်ထည့်ပြောတတ်သည်။ ထိုအချိန်တွေကျလျှင် အကြောင်းသိသော ကျောင်းသားများက မက်မက်မောမော ရယ်ကြသော်လည်း မရယ်သော တချို့သူများလည်း ရှိနေသည်။

ထိုအချိန်တွင် ဆရာပြောတတ်သော စကားတစ်ခွန်းရှိသည်။

" ဟာသကို မခံစားနိုင်တဲ့သူတွေရဲ့ နှလုံးသားဟာ စိတ်ဆင်းရဲစရာတွေနဲ့ ပေကျံနေတတ်တယ်..အဲ့ဒါတွေ ပြောင်စင်သွားဖို့အတွက် များများရယ်ပေးရမယ်...."တဲ့...။

အလင်းဝေလည်း ဆရာဦးအောင်ရဲ့စကားကြောင့် ဟာသတွေကြားတဲ့အခါတိုင်း ရယ်ရသည်ဖြစ်စေ၊ မရယ်ရသည်ဖြစ်စေ မမေ့မလျော့ ပြုံးတတ်လာခဲ့တာပေါ့...။

ဆရာဦးအောင်အောင်သည် သူ့ရဲ့ဟာသကို မခံစားနိုင်သူ တစ်ယောက်အား ရယ်သံနှောလျှက် စကားပစ်လိုက်သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Donde viven las historias. Descúbrelo ahora