"အဲ့ဒါ Jennie မဟုတ်ပါဘူး
သတင်းထွက်​အောင်လုပ်ခဲ့တာ Jennieမဟုတ်ပါဘူး
Oppa Jeonက နားစွံနားဖျားကြားပြီး​တော့
​ဒေါသနဲ့ စိတ်ထင်ရာလုပ်လိုက်တာပါ
Jennie အဲ့သတင်းကိစ္စကိုလုံးဝမသိခဲ့တာအမှန်ပါ"

ငိုပြီး​ပြော​နေတဲ့ Jennie က
မလိမ်ဘူးဆိုတာကို chae သိ​လိုက်ရတယ်
သူမ တကယ့်ကို ဝမ်းနည်းပြီး ​နောင်တ တကြီးငို​နေတာ

"Bangkokကိုသွားတာ သူ့အ​ဖေဆီကို
ဒါ​​ပေမယ့် သူ့ထွက်သွားတဲ့ရက် ညပိုင်းထိ​တော့
တို့နဲ့ အဆက်အသွယ်ရ​နေ​သေးတယ်
​နောက်ပိုင်း သူလုံးဝ မဆက်သွယ်ဘူး"

"​နောက်တစ်ခါဆက်သွယ်လာရင် Jennie ကို​ပြောပါ​နော်
သတင်းကိစ္စကိုလည်း Darlingကို အမှန်တိုင်း​ပြောပြ​ပေးပါ
Darling စိတ်နာသွားမှာကို Jennie ​ကြောက်တယ်"

"စိတ်နာမှာ?"

Jennie ရဲ့စကားကို chaeက​ထောက်ပြီး
တစ်ခုခုကို​တွေး​နေရင်းနဲ့ မဲဲ့ပြုံးတစ်ချက်ပြုံးတယ်

"နင်သိလား Jennie Kim?

အဲ့ Lisaဆိုတဲ့အရူးက​လေ
နင်နဲ့ပြတ်သွားတာ​တောင် နင့်အ​ကြောင်း​တွေ​ကို
အမြဲလိုလို​ပြောတတ် ​တွေး​နေတတ်​သေးတာဟ
တ​လောက ပြသနာဖြစ်​တော့လည်း
အရက်​တွေမူးပြီးကျန်ခဲ့တဲ့ နင့်ကိုစိတ်ပူ​နေ​သေးတာ

ငါ...ငါ​လေ...

​ပြော​နေရင်း တိမ်ဝင်သွားတဲ့အသံ​ကြောင့်
Jennie နဲ့ Joyတို့ unnie chaeကိုကြည့်လိုက်တယ်

"အဲ့တုန်းကသာ lisaကို နင်နဲ့အစမပျိုး​ပေးမိခဲ့ရင်
သူအဲ့​လောက်ထိ ဒိလိုမျိုး သူနာကျင်ရမှာမဟုတ်ဘူး
ငါ့အမှား​တွေ အားလုံးက ငါ့ရဲ့အမှား​တွေပဲ Jennie!"

"​တောင်းပန်ပါတယ် unnie!
အဲ့လိုမျိုးမ​ပြောပါနဲ့ ​တောင်းပန်ပါတယ်
Jennie မှားခဲ့တာပါ"

ခံစား​နေရတဲ့တစ်ဆို့မှု​တွေ​ကြောင့်
ရင်ဘက်ကိုဖိပြီး အားယူ​ပြော​နေတဲ့ Jennieက
စကားအဆုံးမှာ အခန်းထဲက​နေ ​ပြေးထွက်လာခဲ့လိုက်တယ်

"Jennieက unnie lisaကိုတကယ်ချစ်မိသွားတာပါ"

Joy ရဲ့အ​ပြောကို မျက်ရည်​တွေဝဲ​နေတဲ့ chaeက
​လှောင်သလိုမဟုတ်​ပေမယ့် ပေါ့ပျက်ပျက်အပြုံးဖြင့်ပြုံးလိုက်ပြီး...

So far away(Completed)Where stories live. Discover now