ခေါင်းထဲ ​တွေး​နေတဲ့အ​တွေး​တွေကြား Chae ရဲ့ ​ခေါ်သံက
ဖြတ်ဝင်လာတာမို့ အလုပ်လုပ်​နေတာ မဟုတ်​တော့ပါဘဲနဲ့
Enter ခလုတ်​ပေါ်မှာ လက်ကရပ်​နေပြီး ​ငိုင်​နေမိတာ​တောင်
အလုပ်ရှုပ်​နေပါတယ်လို့ လှမ်း​ငေါက်မိလိုက်တယ်

"ငါ​ပြော​နေတာကြာပြီ​လေ
နင်ဘာသာ မကြားတာမဟုတ်ဘူးလား?"

လေသံက ကျယ်လာတာမို့
Chae စိတ်ဆိုး​တော့မယ်ဆိုတာသိလိုက်တယ်

စိတ်ပူလို့မဟုတ်ပါဘဲ မ​ချော့ချင်လို့ကို
သက်ပြင်းချလိုက်ရင်း Lap-top ကိုပိတ်လိုက်တယ်

"ကဲ ​​ပြော
ငါခုဏက အလုပ်ထဲ စိတ်ဝင်သွားလို့"

ရလိုက်တဲ့ မျက်​စောင်းနဲ့အတူ
Lisa လက်ထဲ​ထိုးထည့်ခံလိုက်ရတဲ့
သူငယ်ချင်းမ​လေး chae ရဲ့ ph screenကို
ကြည့်လိုက်​တော့ ခဏ​လေးအတွင်း အံ့သြမှု​တွေ
စိုးရိမ်မှု​တွေကလည်း အစိုးမရစွာနဲ့ ထွက်​ပေါ်လာခဲ့တယ်

"Manoban စီးပွား​ရေးမျိုးနွယ်စုရဲ့တစ်ဦးတည်း​​​သော
အ​မွေဆက်ခံသူ M Group နဲ့ LM companyရဲ့ CEOဖြစ်သူဟာ Lesbian တစ်ဦးဖြစ်​ပြီး သူမရဲ့ ချစ်သူ​ကောင်မ​လေးဟာလည်း
ထိပ်တန်း စီးပွား​ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တယ်လို့...

ဆက်မဖတ်​တော့ဘဲ phကို chaeဆီ​ပေးလိုက်တယ်
ဒီသတင်းက ဘယ်လိုလုပ်ထွက်​ပေါ်လာတာလဲ လို့​တွေး​နေတုန်း

"​နေပါဦး
ငါနဲ့ ချစ်သူဆိုတာ ဒီထဲမှာ...

"Unnie chuကို​ပြောထားတာထင်တယ်"

"ဟုတ်မှမဟုတ်တာ chaeရာ
ဒီလိုအ​ခြေအမြစ်မရှိတာကို ဘယ်သူကများ...

*Baby?*

"Jennie Kimမဖြစ်နိုင်ဘူးလား?"

Lisa ဘားမှမ​ပြောနိုင်ဘဲ chaeကို
အ​တော်ကြာထိ ကြည့်​နေလိုက်မိတယ်

"လုပ်ရက်လိုက်တာ"

Lisa ဘားမှပြန်မ​ပြောမိပြန်ဘူး

'She got me going psycho
She got me going down down down ...

"Lisa နင့် phလာ​နေတယ်"

တုန်​နေတာမဟုတ်​ပေမယ့်
အားမရှိတဲ့ လက်​ကို ကိုယ့်ဘာသာ အားယူရင်း
Ph ကိုင်လိုက်​တော့ ​ဒေါသသံအပြည့်နဲ့ ​ပြောလာတဲ့သူက ...

So far away(Completed)Where stories live. Discover now