Babyကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ...

"ဘယ်​လောက်​တောင်ကြာခဲ့ပြီလဲ JennieKim?
ငါ့ကို နာကျင်​အောင်လုပ်တတ်တာ မင်းရဲ့အကျင့်လိုပဲ"

တိုးတိုး​လေး​ရေရွတ်ရင်း နှုတ်ခမ်း​တွေတွန့်​ကွေးပြီ
ပျော်ရွှင်မှုလို့မဆိုနိုင်တဲ့ အပြုံးကို lisaပြုံးမိလိုက်တယ်

Jennie kimဆိုတာ lisaအတွက်​တော့ အမြဲနာကျင်ရာပဲ

သက်ပြင်းတစ်ချက်မှုတ်ထုတ်ရင်း
နောက်ထပ် ​လေး​လံသွားတဲ့အရာက​တော့
ဆိုင်ထဲဝင်လာတဲ့ သူငယ်ချင်းဖြစ်သူ chaeပဲ

*သူတို့ ​တွေ့သွားပြီထင်တယ်
ဘာလို့ စကား​ပြော​နေကြတာလဲ?
သူတို့ ဘာ​တွေ ​ပြော​နေကြတာလဲ?*

အ​တွေး​တွေနဲ့​ယောက်​ယက်ခက်​နေတုန်ူ
နောက်ဆုံး chaeက ဆိုင်ထဲ မျက်စိကစားပြီး
Lisaကို ​တွေ့မိသွားတယ် ထင်တယ်

လက်လှမ်းပြပြီး ပြုံးပြတဲ့အပြုံး​နောက်မှာ
Jennie Kimကလည်း lisaနားမလည်နိုင်တဲ့
အကြည့်​တွေနဲ့ ကြည့်လာတယ်
















~~~~~~~~~~~~~~~~~~~

"ငါ companyက ပြန်လာ​နေပြီဟ
မနက်ဖြန်မှ အလုပ်ဆင်းရမယ်တဲ့
နင်ဘာလုပ်မလို့လဲ
...
နင်က ဘာကိစ္စရှိလို့လဲ?
...
အေး ​အေး
အဲ့ဒါဆို နင့်ရဲ့ oppaကြီးကိုပဲအရင်လွှတ်လိုက်
ငါတို့ ဆိုင်မှာ​စောင့်​နေလိုက်မယ်"

Joyဆီက ph ကျသွားပြီးမကြာဘူး
သူမသူငယ်ချင်း သိပ်ချစ်ရပါ​သော
Jennieရဲ့ အကိုဝမ်းခွဲဖြစ်သူ​ရောက်လာခဲ့တယ်

"ဟဲ့ Jeon!"

"နင့်​​ယောက်မ​လေးက မအား​သေးဘူးတဲ့
ငါတို့ပဲ ဆိုင်မှာသွား​စောင့်​နေကြရ​​အောင်"

ခေါင်းညိမ့်ပြလိုက်ပြီး
Companyရဲ့အ​ရှေ့မှာဖွင့်ထားတဲ့ဆိုင်ထဲ
Jennieတို့ ​မောင်နှမနှစ်​​​ယောက်ဝင်လာခဲ့လိုက်တယ်

"နင် အလုပ်ရတာဆို​တော့ နင်ဝယ်​ကျွေးရမှာ​နော်?"

"ဘာလို့လဲ?
ငါက နင်တို့အတွဲကို ကူညီ​ပေးထားတဲ့ဟာကို"

ဝင်ဝင်ချင်း ဒုတိယဝိုင်းမှာထိုင်လိုက်​တော့
ကျေးဇူးကန်းချင်​နေတဲ့ အကိုဖြစ်သူကို
Jennie ခပ်စွာစွာပြန်ရန်​တွေ့လိုက်တယ်

So far away(Completed)Onde histórias criam vida. Descubra agora