ဥက္ကဌ၏ချစ်သူကောင်လေး

15.7K 2.3K 46
                                    

{Unicode}

《ဆွဲဆောင်ခြင်းယူနစ်ဘားတန်းမှာရာခိုင်နှုန်းတွေရုတ်တရက်မြင့်တက်လာတယ်》

ဖုန်းရှင်းလန်ထိုင်နေရာကထပြီးလမ်းလျှောက်တယ် ပြီးရင်သူ့ခုံသူပြန်လာထိုင်ပြန်တယ် ပြီးတာနဲ့ဖုန်းကိုနောက်တစ်ကြိမ်ထပ်ကြည့်ပြန်ရော.........အဲဒီ့လိုနဲ့တစ်ဖြည်းဖြည်းအချိန်တွေကြာလာတဲ့အခါမှာ သူခုံပေါ်ကသူ့အပေါ်ဝတ်ကုတ်အကျီကိုကောက်ယူပြီး အလုပ်ဆင်းသွားလိုက်တော့တယ်။ သူ့ပုံစံကိုကြည့်ရင်းနားမလည်စွာကျန်ခဲ့သူတွေကတော့ ကုမ္ပဏီတစ်ခုလုံးကအလုပ်သမားတွေပဲ။ သူတို့လုံးဝကိုမယုံကြည်နိုင်ကြဘူး အရင်နေ့တွေတုန်းကဥက္ကဌကအစောဆုံးရောက်လာပြီးနောက်ဆုံးမှပြန်တတ်တဲ့သူတစ်ယောက် ဒီနေ့ကျဘယ်သူမှမပြန်သေးခင်အရင်ဆုံးပြန်သွားတယ်!!!

ဖုန်းရှင်းလန်ကားမောင်းနေရင်း အိမ်သို့ရောက်ခါနီးနေပေမယ့်ဒီ့ထက်ပိုပြီးမြန်မြန်ပြန်ရောက်ချင်မိသည်။ ဒီနေ့ကျမှအိမ်ပြန်တဲ့လမ်းကလည်းဝေးနေလိုက်တာ.......

သူအိမ်တံခါးကိုဖွင့်လိုက်တဲ့အခါမှာ အရင်ကလိုဆိုဖာပေါ်မှာပျင်းတိပျင်းယွဲ့ထိုင်နေတတ်တဲ့ကောင်လေးရဲ့ ရင်းနှီးတဲ့ပုံသဏ္ဌာန်လေးကိုမတွေ့လိုက်ရဘူး။

တံခါးဖွင့်သံကြားလိုက်လို့ ချင်းကွမ်းရှောင်မီးဖိုချောင်ထဲကနေထွက်လာတယ်။ သူမဖုန်းရှင်းလန်ကိုတွေ့လိုက်ရတဲ့အချိန်မှာ တော်တော်လေးအံ့အားသင့်သွားသည်။ ဘာလို့ဆိုဖုန်းရှင်းလန်ကအမြဲတမ်းအိမ်ကိုနောက်ကျမှပြန်လာနေကျလေအခုကျတော့........ထားပါတော့ဘာပဲဖြစ်ဖြစ်သူမကတော့အလွန်ပျော်သည်။

"ဥက္ကဌဖုန်းဒီနေ့အိမ်ပြန်လာတော်တော်လေး စောတယ်နော်အခုမှနေ့လည်ပဲရှိသေးတယ် ကျွန်မအခုနေ့လည်စာစားနေတာ ကျွန်မနဲ့တူတူလာစားပါလားဟင်"

ဖုန်းရှင်းလန်မျက်မှောင်ကျုံ့လိုက်တယ်။သူ့အမူအရာတွေကသူလုံးဝ စိတ်မရှည်တော့ကြောင်းကိုပြသနေသည်။......

"စုပေဘယ်မှာလဲ"

ချင်းကွမ်းရှောင်ရောယှက်နေတဲ့သူမရဲ့လက်ချောင်းတွေကို ပိုပြီးတင်းတင်းကျပ်ကျပ်စုပ်လိုက်တယ်။ဒါပေမယ့်သူမရဲ့ မျက်နှာမှာတော့မည်သည့်အမူအရာမှပေါ်လွင်မနေဘူး။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Where stories live. Discover now